စင်ကာပူ၊ ဇွန် ၁ ။ ။ အိမ်နီးချင်းနိုင်ငံတွေရဲ့ အချုပ်အခြာကို ခြိမ်းခြောက်နေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကို အမေရိကန်က ဇွန် ၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ဒါအပြင် အာရှဒေသ တည်ငြိမ်ရေးအတွက် လာမယ့် ငါးနှှစ်အတွင်းမှာ စစ်ရေးနည်းပညာသစ်တွေကို ၀ါရှင်တန်က ရင်းနှီးမြုပ်နှံနေတယ်လို့လည်း ပြောလာပါတယ်။
ဒေသတွင်း သြဇာဖြန့်ကြက်နိုင်ရေးအတွက် ၀ါရှင်တန်နဲ့ ပေကျင်းကြားမှာ ပါ၀ါယှဉ်ပြိုင်လျက် ရှိတာဖြစ်ပြီး တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်နဲ့ ထိုင်ဝမ်ရေလက်ကြားအရေးတွေက အဓိက ဆုံချက် ဖြစ်နေပါတယ်။
- အမေရိကန်ဟာ အရှက်ကင်းမဲ့တဲ့ စီးပွားရေး အကြမ်းဖက်ဝါဒီလို့ တရုတ် စွပ်စွဲ
- ကုန်သွယ်ရေးစစ်ကို မလိုလားပေမယ့် တံခါးဝထိ ရောက်လာရင်တော့ အဆုံးထိ တိုက်ခိုက်သွားမယ်လို့ တရုတ် ပြော
- အီရန် ရေနံပို့ကုန်တွေအပေါ် အမေရိကန်ဆန်ရှင်ချမှတ်မှု တရုတ် ပြစ်တင်
အင်အားကြီး ဒီနှစ်နိုင်ငံကြားက အဖုအထစ်ဟာ အခု စနေတနင်္ဂနွေမှာ စင်ကာပူမှာ ကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးများ ညီလာခံမှာ အဓိက ဆွေးနွေးစရာ ဖြစ်နေပါတယ်။
ရှန်ဂရီီလာ ဆွေးနွေးပွဲလို့ သိထားကြတဲ့ စင်ကာပူက ဒီညီလာခံကို ကမ္ဘာ့တစ်လွှားက ကာကွယ်ရေးဝန််ကြီးတွေနဲ့ ထိပ်တန်းစစ်ရေးတာဝန်ရှိသူတွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။
ညီလာခံဟာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးတယ်ဆိုပေမယ့် တရုတ်-အမေရိကန် ကုန်သွယ်ရေး တင်းမာမှုနဲ့ အဆင့်မြင့်နည်းပညာ ပြိုင်ဆိုင်မှုတွေက ဆွေးနွေးပွဲရဲ့ နောက်ခံအခင်းအကျင်း ဖြစ်နေတာပါ။
“တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်း ကျန်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်၊ ဆက်ဆံနိုင်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေရဲ့ အချုပ်အခြာကို ထိပါးနှောင့်ယှက်တာ၊ သံသယတွေ ပွားအောင် ဖန်တီးတာတွေကို အဆုံးသတ်ရမှာ ဖြစ်တယ်။”လို့ ညီလာခံမှာ အမေရိကန် ယာယီ ကာကွယ်ရေးဝန်ကြီး ပတ်ထရစ်ရှာနာဟန်က ပြောခဲ့ပါတယ်။