ကွန်တီကို နည်းပြအဖြစ် အင်တာမီလန်အသင်း ခန့်အပ်

ကွန်တီကို နည်းပြအဖြစ် အင်တာမီလန်အသင်း ခန့်အပ်
Photo: AFP

ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီကို အင်တာမီလန်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်လိုက်တယ်လို့ အီတလီကလပ်က ယနေ့(သောကြာနေ့) မှာ ကြေညာခဲ့ပါတယ်။

အသက် ၄၉ နှစ်ရှိ နည်းပြဟာ ဆုကြေးငွေတွေအပါအဝင် ယူရို (၉)သန်းတန်ကြေးရှိ (၃)နှစ်စာချုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သူဟာ အင်တာမီလန်အသင်းကို (၂)နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရအေောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ စပယ်လက်တီရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ ယခုနှစ်ရာသီ စီးရီးအေမှ အဆင့် (၄)နဲ့ ပြီးဆုံးခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအသင်းကနေ လှည့်ပြန်ခဲ့ပါတယ်။

ကွန်တီဟာ ပြီးခဲ့တဲနှစ် ဇူလိုင်လက ချယ်လ်ဆီးအသင်းရဲ့ ထုတ်ပယ်ခဲ့ရပြီးနောက်ပိုင်း ဘောလုံးလောကနဲ့ ကင်းကွာနေသူဖြစ်ပါတယ်။

 

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly