ဦးဝီရသူကို ဝန်ရံသူများ ရွှေတိဂုံဘုရားအနီး စုဝေးရောက်ရှိ

30 May 2019
ဦးဝီရသူကို ဝန်ရံသူများ ရွှေတိဂုံဘုရားအနီး စုဝေးရောက်ရှိ

ဦးဝီရသူကို ဝန်းရံမယ့် သံဃာနဲ့ လူတွေဟာ မေလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနားမှာ စုဝေးရောက်ရှိခဲ့ပါတယ်။

မေလ ၃ဝရက်နေ့မှာ တိုင်းသံဃာ့နာယကက သြဝါဒပေးဖို့ ခေါ်ယူထားတဲ့ မဘသဆရာတော် ဦးဝီရသူကို ဝန်းရံဖို့ ရောက်ရှိ လာတာဖြစ်တယ်လို့ သံဃာတော်တစ်ပါးက ဆိုပါတယ်။

မန္တလေး မစိုးရိမ်တိုက်သစ်မှ အမျိုးသားရေး ဘုန်းတော်ကြီး ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ) ကို ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူမှ တရားစွဲဆိုထား တာ ဖြစ်ပါတယ်။ဒါ့အပြင် မေလ ၅ရက်က ရန်ကုန်မှာ ပြုလုပ်တဲ့ ပုဒ်မ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲမှာ ဟောပြောမှုနှင့်ပတ်သက်ပြီး ဦးဝီရသူကို ခေါ်ယူဩဝါဒပေးဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ညွှန်ကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း သြဝါဒပေးမယ့်ကိစ္စကို တိုင်းသံဃာနာယက က ဆိုင်းငံ့ထားပြီးတဲ့နောက် ဦးဝီရသူလည်း လာရောက်ခဲ့တာမရှိပါဘူး။

ဒီအတွက်ကြောင့် ဝန်းရံမယ့်သူတွေဟာ ရွှေတိဂုံဘုရားပေါ်တက်ပြီး အောင်မြေနင်းကာ ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့သွားမယ်လို့ ဦးဆောင်သူဆရာတော်တစ်ပါးက မိန့်ပါတယ်။

ရိုက်ကူး - ရဲနိုင်(လောက်ကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly