ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခြင်း မရှိလို့ အစ္စရေးမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်

ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခြင်း မရှိလို့ အစ္စရေးမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်

မေ ၃၀ ။       ။ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရေး ကြိုးပမ်းချက်တွေ ပျက်ပြားသွားခဲ့ပြီးနောက် ယခုအခါ နိုင်ငံံမှာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပဖို့ အစ္စရေးလွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်လိုက်ကြပြီ ဖြစ်ပါတယ်။

ယခုလို အစ္စရေးလွှတ်တော်အမတ်တွေရဲ့ မဲခွဲသဘောတူချက်ကြောင့် ယင်းနိုင်ငံမှာ ရွေးကောက်ပွဲအသစ် ပြန်ကျင်းပရတော့မှာဖြစ်ပါတယ်။ ယင်း ရွေးကောက်ပွဲကိုတော့ စက်တင်ဘာ ၁၇ ရက် မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် နေတန်ယာဟု ကတော့ ပြီးခဲ့တဲ့ လ ရွေးကောက်ပွဲ နောက်ပိုင်း လက်ယာယိမ်း ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သဘောတူညီချက် ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ရွေးကောက်ပွဲအပြီးမှာ နေတန်ယာဟုရဲ့ Lukid ပါတီက လွှတ်တော်အမတ်နေရာ ၁၂၀ မှာ အမတ်နေရာ ၃၅ နေရာအနိုင်ရခဲ့ပြီးနောက် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေခဲ့ပေမယ့် အောင်မြင်မှုမရဘဲဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဒါဟာ အစ္စရေး သမိုင်းမှာတော့ ခုလို ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခြင်း မရှိတဲ့ အခြေအနေဟာ ဒါ ပထမဆုံးလည်း ဖြစ်ပါတယ်။

ယင်းအတွက်ကြောင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပဖို့အတွက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၇၄ မဲ ကန့်ကွက်မဲ ၄၅ မဲ နဲ့ အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly