အိမ်ဖြူတော် အပြင်ဖက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှု ဖြစ်ပွား

အိမ်ဖြူတော် အပြင်ဖက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့မှု ဖြစ်ပွား
Photo- EPA

၀ါရှင်တန်၊ မေ ၃၀ ။         ။ အမေရိကန်သမ္မတရဲ့ အိမ်ဖြူတော်ကို ကာရံထားတဲ့ စည်းရိုးအပြင်ဖက်နား ၀ါရှင်တန်ပန်းခြံအတွင်းမှာ မေ ၂၉ ရက်က အမျိုးသားတစ်ဦး ကိုယ် အိမ်ဖြူတော် အပြင်ဖက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်  မီးရှို့မှုဖြစ်ပွားကြောင်း အခင်းဖြစ်ရာမှာ ရောက်နေတဲ့ အီးပီအေသတင်းထောက်က ပြောပါတယ်။

အိမ်ဖြူတော်ရဲ့ တောင်ဖက်၊ ကွန်စတီကျူးရှင်းရိပ်သာလမ်းမကြီးနဲ့ National Mall ရဲ့ မြောက်ဖက် ပန်းခြံအတွင်းမှာ ယင်းနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ မှာ ဒီ ဖြစ်ရပ် ဖြစ်ပွားတာပါ။

“အထူးအေဂျင့်တွေက စက္ကန့်ပိုင်းအတွင်း ဒီဖြစ်ရပ်ကို တုံ့ပြန်တာ ဖြစ်တယ်။ မီးကို ငြိမ်းသတ်ပြီးတာနဲ့ ရှေးဦးသူနာပြု စောင့်ရှောက်မှုတွေ လုပ်ပေးခဲ့တယ်။”လို့ အထူးကိုယ်ရံတော်တပ်မှ ပြောခွင့်ရသူ ဂျက်ဖရေးအဒမ်က အီးပီအေကို ပြောပါတယ်။

အမည်မသိရသေးတဲ့ အဲဒီ ကိုယ် အိမ်ဖြူတော် အပြင်ဖက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်  မီးရှို့တဲ့သူကို မီးလောင်ဒဏ်ရာတွေကို ကုသဖို့ အနီးက ဆေးရုံကို တင်ပို့ခဲ့ကြောင်း သမ္မတနဲ့ မိသားစုတွေရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အထူးကိုယ်ရံတော်တပ် (Secret Service) က ထုတ်ပြန်ပါတယ်။

ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ထပ် သတင်းအချက်အလက် ထုတ်ပြန်တာ မရှိပါ။

ဧပြီ ၁၂ ရက်တုန်းကလည်း ဘီးတပ်ကုလားထိုင်ပေါ်က လူတစ်ဦးက အိမ်ဖြူတော် အဝင်လမ်း အနီးမှာ သူ ဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို မီးရှို့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

“ပင်ဆယ်ဗေးနီးယားရိပ်သာ လမ်းမကြီးပေါ်မှာ ဘီးတပ်ကုလားထိုင်နဲ့ အမျိုးသားတစ်ဦးက သူဝတ်ထားတဲ့ အပေါ်ဝတ် ဂျာကင်ကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။”လို့ ဖြစ်ပွားချိန်ကာလတုန်းက အထူးကိုယ်ရံတော်တပ်ဖွဲ့က တွစ်တာကနေ ထုတ်ပြန်ခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly