ပုဒ်မသုံးခုဖြင့် ဖမ်းဆီးခံထားရသော Channel Mandalay TV မှ သတင်းထောက်နှင့် ဒေသခံနှစ်ဦး ချုပ်ရမန်ယူ

30 May 2019
ပုဒ်မသုံးခုဖြင့် ဖမ်းဆီးခံထားရသော Channel Mandalay TV မှ သတင်းထောက်နှင့် ဒေသခံနှစ်ဦး ချုပ်ရမန်ယူ

ပုဒ်မ (၃) ခုဖြင့် ဖမ်းဆီးခံနေရသည့်Channel Mandalay TV မှ သတင်းထောက် (၁) ဦးနှင့် အောင်သပြေ ကျေးရွာ ဒေသခံ (၂) ဦးကို ၂၀၁၉ ခုနှစ်၊ မေလ ၂၉ ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် တရားရုံးတွင် ချုပ်ရမာန်ယူရန် ရုံးထုတ်လာစဉ်။

မန္တလေးအခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် Channel Mandalay TV မှ သတင်းထောက် အောင်ကြည်မြင့် (ခ) နန္ဒ(တစ်ကိုယ်တော်) နှင့် အောင်သပြေကျေးရွာ ဒေသခံများဖြစ်သည့် မင်းနိုင် ၊ ချစ်မင်းသူ တို့အား ရာဇ သတ်ကြီး ပုဒ်မ ၃၃၃/၄၃၅/၁၁၄ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး မေလ ၂၉ ရက်နေ့ မှ ဇွန်လ ၁၂ ရက်နေ့အထိ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဆက်လက်ချုပ်ထားရန် ပုသိမ်ကြီးမြို့မရဲစခန်း က ဒုတိယအကြိမ် ချုပ် မိန့်ရယူခြင်းဖြစ်သည် ။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly