စွန့်ပစ်အမှိုက် လက်မှုသင်တန်း

30 May 2019
စွန့်ပစ်အမှိုက် လက်မှုသင်တန်း

လူအများစွန့်ပစ်လိုက်တဲ့ အမှိုက်တွေ၊ ကော်ဖီအိတ်ခွံငယ်တွေ၊ ပလက်စတစ်ပိုက်တွေကို အခုအခါမှာတော့  ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေအဖြစ် ဖန်တီးရင်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေကို ပြုလုပ်လာပါတယ်။

အဲ့ဒီလို စွန့်ပစ်အမှိုက်တွေကို ပြန်လည်အသုံးပြုစရာ ပစ္စည်းတွေအဖြစ် ဖန်တီးတဲ့ စွန့်ပစ်အမှိုက်လက်မှုသင်တန်းကို Clean Yangon ကနေ မေလ ၂၉ ရက်နေ့က မဟာဝိဇယဘုရား ဓမ္မာရုံမှာ ပြုလုပ်ခဲ့ပါတယ်။

Recycle လို့ ခေါ်တဲ့ ပြန်လည် အသုံးပြုလို့ ရတဲ့ ပစ္စည်းတွေကို ပြုလုပ်ရာမှာ အများဆုံး ကော်ဖီအိတ်ခွံငယ်တွေကို အသုံးပြုလေ့ရှိပြီး အခုလို ပြုလုပ်ခြင်းအားဖြင့် အသုံးမဝင်ဘဲ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ အမှိုက်တွေကို အသုံးဝင်လာစေတယ်လို့ သင်တန်းသူ တစ်ဦးက ပြောပါတယ်။ 

အဲ့ဒီ စွန့်ပစ်အမှိုက်လက်မှုသင်တန်းကိုတော့ စိတ်ပါဝင်စားသူတိုင်း အခမဲ့လာရောက် တက်နိုင်တယ်လို့လည်း သိရပါတယ်။ Clean Yangon အဖွဲ့ဟာ စည်းကမ်းအမှိုက်စွန့်ပစ်မှု လျော့နည်းလာစေဖို့၊ မြို့တော်တွေ သန့်ရှင်းလှပလာစေဖို့၊ အခြေခံလူမှုစရိုက်မြင့်တက်လာဖို့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းလာစေဖို့ စတဲ့
 ရည်ရွယ်ချက်တွေနဲ့ ရန်ကုန်မှာသာမက အခြားမြို့တွေမှာပါ အခုလို သင်တန်းပို့ချမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly