တပ်မတော်ဘက်မှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးကို မေလ ၂၉ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တရားရုံး၌ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရန် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ ဦးကို အင်းစိန်ထောင်မှ တရားရုံးသို့ ခေါ်ဆောင်လာစဉ် စစ်ဆေးမှု မပြုလုပ်မီ အချင်းများမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်အပါအဝင် ၅ ဦးကို ၎င်းတို့သံချပ်ထိုးဖျော်ဖြေခဲ့သော စာသားများတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး တရားစွဲဆို ထားခြင်းဖြစ်သည်။
သတင်းရိုက်ကူး/တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)