ဧရာဝတီယူနိုက်တက်မှ မြန်မာကစားသမားနှစ်ဦး K-League သို့ ရောက်နိုင်ဟု ပိုဟန်စတီးလားစ်နည်းပြ ဆို

ဧရာဝတီယူနိုက်တက်မှ မြန်မာကစားသမားနှစ်ဦး K-League သို့ ရောက်နိုင်ဟု ပိုဟန်စတီးလားစ်နည်းပြ ဆို
ဓာတ်ပုံ-ထွန်းထွန်းဝင်း

မေလ ၂၉ ။         ။ ဧရာဝတီယူနိုက်တက်အသင်းမှ မြန်မာကစားသမားနှစ်ဦးအနေဖြင့် ကြိုးစားမည်ဆိုပါက ကိုရီးယား K-League သို့ ရောက်နိုင်ကြောင်း ပိုဟန်စတီးလားစ်နည်းပြ ချွိုင်ဆွန်ဟို ကပြောဆိုချီးကျူးလိုက်ပါတယ်။

တောင်ကိုးရီးကလပ် ပိုဟန်စတီးလားစ်အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်း တို့ဟာ မေလ ၂၈ ရက်နေ့ ညနေ့က ရန်ကုန်မြို့ ၊သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစား ခဲ့ပြီး ပွဲစဉ်အပြီးမှာ ပိုဟန်စတီးလားစ်အသင်းနည်းပြချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

" ပထမပိုင်း မှာ ကွင်းလယ်တောင်ပံ ကစားသမား ကျော်နံပါတ် ၇ သီဟဇော်(အသင်းခေါင်းဆောင်) နှင့် အထောင်တိုက်စစ်းမှူး အောင်ကောင်းမန်(ကျော်နံပတ် ၉ ) သူတို့နှစ်ယောက်က အရမ်းကောင်းပါတယ်။ သူတို့ကိုကြည့် တယ်။ ဒုတိယ ပိုင်းမှကျတော့ အားလုံးနီးပါးကောင်းကြပါတယ်။ တိုက်စစ်မှူးတွေ တော်ကြ ပါတယ်။ ဒီအတိုင်းသာ ဆက်ပြီးတော့ ကြိုးစားမယ်ဆိုရင် ကျွန်တော့တို့ရဲ့ K-League ကို ရောက်နိုင်ပါတယ်။ ကြိုးစားနိုင်ပါတယ်။ အတူတူဆောင်ရွက်နိုင်တဲ့ ကစားသမားတွေ ဖြစ်လာနိုင်တယ်လို့ကျွန်တော့က ယူဆ ပါတယ် " လို့ တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်း နည်းပြချုပ် ချွိုင်ဆွန်ဟို က ဆိုပါတယ်။

လာမယ့် ၂၀၂၀ ရာသီ K-League ပြိုင်ပွဲများမှာ ပြည်ပကစားသမား ခေါ်ယူမှုစည်းမျဉ်း အသစ် ပြဌာန်း သွားမှာ ဖြစ်ပြီး ယခု ချစ်ကြည်ရေးခြေစမ်းပွဲအပြီးမှာ ဧရာဝတီကစားသမား နှစ်ဦးကို နည်းပြချုပ် ချွိုင်ဆွန်ဟိုက ချီးကျူး လိုက်တဲ့အတွက် မြန်မာအားကစားသမားတွေဟာ ကိုရီးယားနိုင်ငံကို သွားရောက်ကစားနိုင်မလား ဆိုတာကတော့ ဆက်ကြည့်မှာပဲ ဖြစ်ပါတယ်။

မေ ၃၀ ရက်နေ့ ညနေပိုင်းမှာတော့ တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းဟာ မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းတို့ ထပ်မံယှဉ်ပြိုင်ကစားသွားကြမည်လည်း ဖြစ်ပါတယ်။

အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ သုံးကြိမ်ချန်ပီယံဆု ရရှိခဲ့ဖူးသည့် တောင်ကိုရီးယားကလပ် ပိုဟန်စတီလား အသင်းနဲ့ မြန်မာ ယူ ၂၂ အသင်း၊ဧရာဝတီယူနိုက်တက်အသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြဖို့အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required