ဦးထုပ်ကို ပစ်ထုတ် ကန်ပစ်ပြီး ဒေါသတကြီ ကွင်းထဲက ထွက်သွားခဲ့တဲ့ ချယ်လ်ဆီးနည်းပြ ဆာရီ

ဦးထုပ်ကို ပစ်ထုတ် ကန်ပစ်ပြီး ဒေါသတကြီ ကွင်းထဲက ထွက်သွားခဲ့တဲ့ ချယ်လ်ဆီးနည်းပြ ဆာရီ

ချယ်လ်ဆီးနည်းပြ ဆာရီဟာ အဇာဘိုင်ဂျန်နိုင်ငံမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုမတိုင်ခင် လေ့ကျင့်ရေးအစီအစဉ်အပြီး ဒေါသက်တကြီး ထွက်သွားခဲ့ပါတယ်။

ဘာကူအိုလံပစ်ကွင်းမှာ အီတလီလူမျိုးနည်းပြဟာ သူ့ရဲ့ ဦးထုပ်ကို ပစ်ထုတ် ကန်ပစ်ပြီး အဝတ်လဲခန်းသို့ ပြန်ဝင်သွားခဲတာပါ။

လေ့ကျင်ရေးအစီအစဉ်အတွင်း တိုက်စစ်မှူး ဟီဂွာအင်နဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်တို့ ထိပ်တိုက် အချင်းများပြီးနောက် ဆာရီက အခုလို ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက ဆာရီရဲ့ တုံ့ပြန်မှုဟာ "သူ့ရဲ့ အသင်းသားတွေနဲ့ လုံးဝ သက်ဆိုင်နေခြင်း မရှိခဲ့ဘူး"လို့ ပြောပါတယ်။

တည်ကန်ဘောတွေအတွက် လေ့ကျင့်မှု မပြီးမြောက်လိုက်ရတာမို့လို့ အီတလီသားနည်းပြကြီးက မပျော်မရွှင်ဖြစ်ခဲ့တာလို့ သူတို့က ဆိုပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly