‘ပထမဆုံးနဲ့ အရေးကြီးဆုံးက ယူရိုပါလိဂ်ဖလား အရယူဖို့ပါပဲ’ - အမ်မရီ

‘ပထမဆုံးနဲ့ အရေးကြီးဆုံးက ယူရိုပါလိဂ်ဖလား အရယူဖို့ပါပဲ’ - အမ်မရီ
Photos: EPA

ဂန်းနားတို့ရဲ့ နည်းပြ အူနိုင်း အမ်မရီက သူ့အသင်းအေနနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်နေဖို့ထက် ယူရိုပါလိဂ်ဖလား ရယူနိုင်ဖို့ကိုသာ အဓိကထား အာရုံစိုက်သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

မာခီတာရန်းရဲ့ အာဆင်နယ်အသင်းဖော်တွေက အာမေးနီးယားကြယ်ပွင့်အတွက် ဘာကူမှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို အနိုင်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

မာခီတာရန်းဟာ သူ့ရဲ့ မွေးရပ်မြေနိုင်ငံဖြစ်တဲ့ အာမေနီးယားနဲ့ အိမ်နီးချင်းနိုင်ငံ အဇာဘိုင်ဂျန်တို့ဟာ နိုင်ငံရေးအရ တင်းမှုတွေရှိနေတာကြောင့် သူ့ရဲ့ လုံခြုံရေးအတွက် စိတ်မချရလို့ လန်ဒန်ဒါဘီဖြစ်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အဇာဘိုင်ဂျန်ကလပ် ကီရာဘတ် အသင်းအိမ်ကွင်းမှာ သွားရောက်ကစားတုန်းကလည်း လုံခြုံရေးအရ စိတ်မချရတာကြောင့် လိုက်ပါကစားခဲ့ခြင်း မရှိခဲ့ပါဘူး။

"သူ (မာခီတာရန်း)ဟာ ကွင်းတွင်းနဲ့ ကွင်းပြင်ပမှာ ကျနော်တို့အတွက် အလွန်အရေးပါသူပါ။ မနက်ဖြန်မှာ ဆုဖလားကိုလည်း သူ့အတွက် အရယူပေးလိုပါတယ်။"လို့ ဆွစ်ကွင်းလယ်လူ ရှာခါက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ထိပ်ဆုံး (၄)သင်းထဲ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့တဲ့နောက် လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ နှစ်ပေါင်း (၂၅)နှစ်အတွင်း ပထမဆုံးဥရောပဖလားကို ဆွတ်ခူးဖို့ စိတ်အားထက်သန်နေပြီး ချန်ပီယံလိဂ်ဝင်ရောက်ခွင့်အတွက် ဒီဆုဖလားကို အရယူနိုင်ဖို့လည်း ရှိပါတယ်။

"ကျနော်တို့မှာ ပစ်မှတ် (၂)ခုရှိပါတယ် ..... ပထမဆုံးနဲ့ အရေးကြီးဆုံးက ဆုဖလား (ယူရိုပါလိဂ်)ကို အရယူဖို့ပဲဖြစ်ပါတယ်။"လို့ ဆီဗီလားနဲ့ ယူရိုပါလိဂ်ဖလား (၃)ကြိမ်ဆွတ်ခူးခဲ့ပြီးဖြစ်သူ အမ်မရီက ပြောပါတယ်။

"အင်္ဂလန်နဲ့ရော ဥရောပမှာပါ အာဆင်နယ် ဒါမှမဟုတ် ချယ်လ်ဆီးလို အသင်းတစ်သင်းအတွက် ဆုဖလားတစ်ခုစီတိုင်းဟာ အရမ်းအရေးကြီးပါတယ်။"လို့ သူက ပြောပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly