ဇာဗီကို နည်းပြချုပ်အဖြစ် ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်း ခန့်အပ်

ဇာဗီကို နည်းပြချုပ်အဖြစ် ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်း ခန့်အပ်
Photo: EPA

ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းဟာ ဘာစီလိုနာအသင်းနဲ့ စပိန်ကွင်းလယ်လူဟောင်း ဇာဗီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဇာဗီဟာ ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းမှ အယ်လ်ဆတ်ဒ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပွဲ (၁၀၀)ကျော် ကစားခဲ့ကာ ၂၀၁၈-၁၉ ရာသီအကုန်မှာ ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်ပါတယ်။

အယ်လ်ဆတ်ဒ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဇာဗီကို (၂)နှစ် စာချုပ်နဲ့ နည်းပြချုပ်အဖြစ် ခန့်ခပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဇာဗီဟာ အသင်းနည်းပြအဖြစ် ဖာရဲရားနေရာ ဝင်ရောက်လာမှာဖြစ်ပြီး လာမယ့်ရာသီအစမှာ အသင်းကို ကိုင်တွယ်သွားမှာဖြစ်တယ်လို့ အယ်ဆတ်ဒ်အသင်းရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

၂၀၁၀ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဇာပီဟာ ဘာစီလိုနာအသင်းမှာ လာလီဂါဖလား (၈)လုံးနဲ့ ချန်ပီယံလိဂ်ဖလား (၄)လုံး ရရှိခဲ့ပါတယ်။

(၆)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်မှာ ကာတာလိဂ်အမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ အယ်လ်ဆတ်ဒ်အသင်းဟာ ဇူလိုင် (၁၄)ကနေ (၂၉)ရက်အထိ ဘာစီလိုနာအနီးက ဂျီရိုနာရှိ လေ့ကျင့်ရေးစခန်းမှာ လေ့ကျင့်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly