ONE: LEGENDARY QUEST ပြိုင်ပွဲကြီးတွင်ပါဝင်မည့် ထိပ်တန်း ကစားသမားများ၏ ကျော်ကြားသော အလဲထိုးပွဲ ၆ ပွဲ

ONE: LEGENDARY QUEST ပြိုင်ပွဲကြီးတွင်ပါဝင်မည့် ထိပ်တန်း ကစားသမားများ၏ ကျော်ကြားသော အလဲထိုးပွဲ ၆ ပွဲ

ထိုးနှက်တိုက်ခိုက်မှု ကျွမ်းကျင်လှသည့် ONE Championship ကစားသမားများပါဝင်မည့်  ONE:LEGENDARY QUEST ပြိုင်ပွဲကြီးတွင် အလဲထိုးပွဲများစွာကိုတွေ့မြင်ရဖွယ်ရှိနေသည်။

ONEအက်တမ်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲအဖြစ် မတူညီသော အားကစား ၂မျိုး၏ ကမ္ဘာ့ချန်ပီယံStampFairtex သည်Alma Juniku နှင့် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ထိုးသတ်မည်ဖြစ်သည်။ အဆိုပါတွဲဆိုင်းအပြင် ONE Super Series ပြိုင်ပွဲများစွာလည်း ပါဝင်မည် ဖြစ်သည်။ ၄င်းတွဲဆိုင်းများသည် ၄-အောင်စသာ အလေးချိန်ရှိသည့် လက်အိတ်သုံးပြီး ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်၍ စက္ကန့်ပိုင်းအတွင်း ပွဲသိမ်းသွားနိုင်သော စိတ်လှုပ်ရှားဖွယ်ပွဲများပင်ဖြစ်သည်။

တရုတ်နိုင်ငံ၊ရှန်ဟိုင်း၌ ဇွန်လ ၁၅ရက်၊ စနေနေ့ကျင်းပမည့် ONE: LEGENDARY QUEST ပြိုင်ပွဲကြီးတွင် မြင်တွေ့ရမည့် စိတ်လှုပ်ရှားဖွယ်ရသများကို ခန့်မှန်းကြည့်နိုင်ရန် ပြိုင်ပွဲဝင်အားကစားသမားတို့၏ ပွဲသိမ်းအလဲထိုး ၆ပွဲအား ဖော်ပြလိုက်ရပါသည်။

၁။ Silva ၏ တန်ပြန်အလဲထိုးလက်သီး

ONEChampionship တွင် ပွဲဦးထွက် ပြိုင်ပွဲကို ယှဉ်ပြိုင်သော Silvaသည် ပြိုင်ဘက် Andre“The Giant” Meunier ကို ၇၄ စက္ကန့်အတွင်း အလဲထိုးပြီးပြောင်မြောက်သောစွမ်းရည်ပြသခဲ့သည်။

ONE:ROOTS OF HONOR ပြိုင်ပွဲကြီးတွင် Meunier သည် ပြိုင်ဘက်အားအပြင်းအထန်တိုက်စစ်ဆင်သည်။ သို့သော် ဘရာဇီးနိုင်ငံ၊ ဆာအိုပိုလိုမြို့သား Silva သည် တည်ငြိမ်စွာဖြင့်ရင်ဆိုင်ပြီး ထိရောက်မည့် တန်ပြန်ထိုးနှက်မှုအား စွမ်းဆောင်နိုင်မည့် အခွင့်အလမ်းကို ရှာဖွေနေခဲ့သည်။

Meunierက ဘယ်ဝိုက်လက်သီးချက်ဖြင့် ခုန်ဝင်တိုက်ခိုက်စဉ် Silva က လက်သီးချက်အား အသာအယာနောက်ဆုတ်ရှောင်တိမ်းပြီး အပေါ်မှမိုးထိုးသည့်လက်သီးချက်ဖြင့် ပြိုင်ဘက်အား ပွဲသိမ်းထိုးချလိုက်တော့သည်။

၂။ Ibrahim အား အပြတ်အသတ်အနိုင်ယူခဲ့သော Khbabez

မော်ရိုကိုနိုင်ငံမှTarik “The Tank” Khbabez သည်ONE:PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် ပြိုင်ဘက်Ibrahim “Mr. Cool” El Bouni အား Boxing စွမ်းရည်ပြထိုးသတ်ခဲ့ရာ ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့သည်။

Tarikသည် ပြိုင်ဘက် Ibrahim ကို ပထမအချီမှစတင်၍ ဖိအားပေးထိုးသတ်ခဲ့ရာ Ibrahim သည် တန်ပြန်တိုက်စစ်နှင့် ၄င်း၏ အကောင်းဆုံးယှဉ်ပြိုင်နိုင်စွမ်းအားသုံးကာ တုံ့ပြန်ခဲ့သည်။ သို့သော်လည်း Tarik ၏ ပြင်းထန်သောတိုက်စစ်ကို မလှန်နိုင်ခဲ့ပေ။ နောက်ဆုံးအချီတွင် Tarik ၏ တရစပ်ထိုးနှက်မှုအောက်တွင် Ibrahim မှာ မရှုမလှရှုံးနိမ့်သွားခဲ့ရသည်။

ပြိုင်ဘက်၏ဒူးတိုက်ချက်အား ဘယ်ဝိုက်သီးဖြင့် တုံ့ပြန်ခဲ့ပြီးနောက် SUPERKOMBAT ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံနှစ်ထပ်ကွမ်း Tarik သည် Ibrahim အား အသာစီးဖြင့်ထိုးသတ်ကာ သံဇကာနားကပ်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပွဲသိမ်းရန်အခွင့်အရေးရှိသွားခဲ့သည်။

Tarikသည် ဘယ်ပင့်လက်သီးနှင့်အတူ ဘယ်ဝိုက်လက်သီး တွဲလုံးဖြင့် ပြိုင်ဘက်အား ထိုးနှက်ပြီးနောက် ညာဖြောင့်လက်သီးဖြင့် အပိုင်ထိုးနှက်လိုက်ရာ Ibrahimသည် မည်သို့မှတုံ့ပြန်နိုင်စွမ်းမရှိ ဖြစ်သွားခြင်းကြောင့် ဒိုင်လူကြီးမှ ပွဲအားဟန့်တားရပ်တန့်လိုက်ရသည်။

တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့တွင် လိုက်ဟဲဗီးဝိတ် Kick Boxing တွဲဆိုင်းအဖြစ် Tarik သည် ဘရာဇီးလ်မှ Silva နှင့်ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင်ရရှိသူသည် အဆိုပါဝိတ်တန်း၏ ပထမဆုံးသော ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်သူဖြစ်လာမည်ဖြစ်သည်။

၃။ ပြိုင်ဘက် Jakiri အား အလဲထိုးလိုက်သော Han ၏ ညာလက်သီးချက်

ONE:PURSUIT OF GREATNESS ပြိုင်ပွဲကြီးတွင် ပြိုင်ဘက်Ryan “The Filipino Assassin” Jakiri အား ညာလက်သီးချက်ဖြင့် ပြင်းထန်စွာ ထိုးနှက်အနိုင်ယူခဲ့သည့် Han Zi Hao ၏ စွမ်းဆောင်မှုသည် ONE Super Series အလဲထိုးပွဲများတွင်လက်ရှိအချိန်အထိ အမှတ်ရစရာ အကောင်းဆုံးပွဲများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။

ပြိုင်ဘက်Jakiri ၏ ကိုယ်ခန္ဓာအလယ်ပိုင်းအား Ham က ဘယ်ခြေကန်ချက်ဖြင် ကန်လိုက်သည်။ သို့သော် Jakiri သည် ကန်ချက်အား အလျင်အမြန်ဖမ်းယူလိုက်ပြီး ဘယ်ဝိုက်လက်သီးချက်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။ လက်သီးချက်မှာ တိကျမှုမရှိဘဲ Han ၏ ဦးခေါင်းအားလွဲချော်သွားခဲ့ရာ ဖိလစ်ပိုင်အားကစားသမားJakiri သည် အကာအကွယ်မဲ့သည် ့အနေအထားသို့ ကျရောက်သွားခဲ့သည်။

တရုတ်အားကစားသမားHan သည် မိုးကြိုးပစ်ဘိသကဲ့သို့ ပြင်းထန်အားပါလှသော ညာလက်သီးချက်ဖြင့် ပြိုင်ဘက်၏မေးရိုးအား ထိုးချလိုက်သည်။ Han ၏ လက်သီးချက်မှာ ပြင်းထန်လွန်းပြီး အကယ်၍ ၄အောင်စလက်အိတ်နှင့် မဟုတ်ဘဲ Boxing လက်အိတ်ဖြင့် ဖြစ်နေခဲ့လျှင်ပင် အလားတူအကျိုးဆက်သာ ဖြစ်နိုင်လောက်သည်။ ပြိုင်ဘက်Jakiri မှာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ရသည်။  

ရှန်ဟိုင်းမြို့တွင်ကျင်းပမည့်ပွဲ၌ Han သည် Andrew “Maddog Fairtex” Miller နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

၄။Gafurov၏မေးရိုးကို ကွဲအက်စေခဲ့သော Matsushima၏ လက်သီးချက်

ONEChampionship တွင် Koyomi“Moushigo” Matsushima သည် ONE ဖဲသာဝိတ်ကမ္ဘာ့ချန်ပီယံMarat“Cobra” Gafurov ကို ယှဉ်ပြိုင်ခဲ့ရခြင်းကြောင့်ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အံ့မခမ်းအလဲထိုးပွဲဖြင့် အနိုင်ယူနိုင်ခဲ့သည်။

ONE:CONQUEST OF HEROES ပြိုင်ပွဲကြီး၏ ပထမအချီတစ်ဝက်တွင်Gafurov သည် ပူးသတ်ရန် အတွင်းပိုင်း အနိမ့်ခတ်ခြေဖြင့် ဝင်လုံးခဲ့သည်။ သို့သော် Gafurov သည် ဘယ်လက်အောက်ဘက်ကျနေပြီး မေးရိုးအကာအကွယ်မဲ့နေခဲ့သည်။

ဂျပန်အားကစားသမားMatsushima သည် ညာခြေတစ်လှမ်းဆုတ်ပြီး အကာအကွယ်မဲ့ ဝင်လာသော Gafurov ၏ မျက်နှာအား ဝိုက်လက်သီးချက်ဖြင့် အပိုင်ပစ်သွင်းလိုက်ရာ ပြိုင်ဘက်၏ မေးရိုးအား မိမိရရထိမှန်သွားခဲ့သည်။

Gafurovသည် ကြမ်းပြင်ပေါ်လဲပြိုကျသွားခဲ့ရာ Matsushima သည် ပြိုင်ဘက်အား အခွင့်အရေးမပေးဘဲ လက်သီးချက်များ ဆက်တိုက်ပစ်သွင်းကာ အောင်ပွဲကို ခိုင်မာစေခဲ့သည်။

၅။ Kwon၏ ပွဲသိမ်းညာဖြောင့်လက်သီး

တောင်ကိုရီးယားမှ“Pretty Boy” Kwon Won Il သည် ONE: ROOTS OF HONOR ပြိုင်ပွဲတွင် ပြိုင်ပွဲအတွေ့အကြုံ ပိုများသော နာမည်ကျော် Eric“The Natural” Kelly အား ၁၉စက္ကန့်ဖြင့် အလဲထိုးအနိုင်ယူခဲ့သည်။

ယခင်ပြိုင်ပွဲတွင်AnthonyEngelen အားအနိုင်ယူခဲ့သကဲ့သို့ နာမည်ကျော် တောင်ကိုရီးယားအားကစားသမား Kwon Won Il သည် ရှေ့သို့ခြေလှမ်းတက်၍ အဆုံးအဖြတ်ပေးသောထိုးနှက်မှုအားလုပ်ဆောင်ရန် အံ့မခမ်းအချိန်ကိုက်လုပ်ဆောင် နိုင်စွမ်းအားသုံးခဲ့သည်။  Kelly က ဘယ်ဝိုက်လက်သီးပစ်သွင်းရန် လုပ်ဆောင်စဉ်မှာပင် ၎င်း၏မေးရိုးသည် ပြင်းထန်သော လက်သီးချက်ကိုခံစားသွားခဲ့ရပြီး လဲပြိုကျခဲ့ရသည်။

ပြိုင်ဘက်နာကျင်သွားသည်ကိုKwon Won Il မြင်တွေ့ခဲ့ပြီး ပြင်းထန်သော မြေပြင်ထိုးနှက်ချက်များဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။ တချို့လက်သီးချက်များအား အနည်းငယ်ကာကွယ်နိုင်သော်လည်း တူထုဘိသကဲ့သို့ ပြင်းထန်သည့် လက်သီးချက်များက ပြိုင်ဘက် Kelly ကို ထိမှန်ခဲ့ရာ သတိလစ်သွားခဲ့ရသည်။

အံမခမ်းအနိုင်ပွဲရခဲ့သောKwon သည် လာမည့်ဇွန်လ ၁၅ရက်တွင် အလဲထိုးသမားတဦးဖြစ်သော ဂျပန်မှ Matsushima ဖယ်သာဝိတ်တန်း တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၆။ဖိုးသော်၏ ပြောင်မြောက်သော အမြင့်ပိုင်းအဖြောင့်ကန်ချက်

ONE:QUEST FOR GOLD ပြိုင်ပွဲတွင်ဖိုးသော်သည် ပြိုင်ဘက် Sor Sey အား ပထမအချီတွင် အံမခမ်းအလဲထိုးအနိုင်ယူခဲ့ပြီး ONE Championship ၂၀၁၈ခုနှစ်၏ အကောင်းဆုံးပွဲစဉ်ဖြစ်ခဲ့သည့်အပြင် ONE Championship ပြိုင်ပွဲတလျှောက် အမှတ်ရဖွယ် ပြိုင်ပွဲကောင်းတခုလည်း ဖြစ်ခဲ့သည်။

မြန်မာသူရဲကောင်း ဖိုးသော်သည် ပြိုင်ဘက်နှင့်ယှဉ်လျှင် အရပ်အမောင်းသာမှုကိုအသုံးချပြီး အလှမ်းကွာအနေအထားမှနေ၍ ပြိုင်ဘက်ကို ထိုးနှက်တိုက်ခိုက်နေခဲ့သည်။ ကမ္ဘောဒီးယား ခွန်ခမာကိုယ်ခံပညာရှင် Sor Sey သည်ဖိုးသော်အားBoxingဘယ်ညာလက်သီးတွဲဖြင့်တိုက်ခိုက်သည်။သို့သော်၄င်းတုံ့ပြန်မှုအားမျှော်မှန်းတွက်ဆထားသည့်ဖိုးသော်သည်ပြင်းထန်သောဘယ်ထောက်လက်သီးဖြင့်ပြိုင်ဘက်၏ညာဖြောင့်လက်သီးကိုဆိုင်ထိုးသည်။ ထို့ကြောင့် ပြိုင်ဘက် Sor Sey မှာ နောက်ဘက်သို့ ဆုတ်ခဲ့ရသည်။

ထိုအချိန်တွင်အဖြောင့်အမြင့်ပိုင်း ခြေကန်ချက်ဖြင့် ဖိုးသော်သည် ပြိုင်ဘက် ကမ္ဘောဒီးယားအားကစားသမား၏မေးရိုးကို ကန်လိုက်သည်။ ပွဲသိမ်းသေချာစေရန် နောက်ထပ်လက်သီးတွဲလုံးများ သုံးရန်မလိုဘဲ ပြိုင်ဘက် Sor Sey မှာ အလဲထိုးခံသွားခဲ့ရတော့သည်။

ဖိုးသော်သည် ရှေ့လတွင် ပြိုင်ဘက် Victorio “Indra” Senduk နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly