တောင်ကိုရီးယားကလပ်နှင့်ကစားမည့်ပွဲတွင် မြန်မာအသင်းများ သတိထားကစားရန်လိုဟု ဦးမျိုးလှိုင်ဝင်းဆို

28 May 2019
တောင်ကိုရီးယားကလပ်နှင့်ကစားမည့်ပွဲတွင် မြန်မာအသင်းများ သတိထားကစားရန်လိုဟု ဦးမျိုးလှိုင်ဝင်းဆို

တောင်ကိုရီးယားကလပ် ပိုပာန်စတီလားအသင်းနှင့် မြန်မာ ယူ ၂၂ အသင်း၊ ဧရာဝတီယူနိုက်တက်အသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ရာ မြန်မာအသင်းများအနေဖြင့် ပိုပြီးသတိထားကစားရန် လိုကြောင်း မြန်မာ့လက်ရွေးစင်ကစားမားဟောင်း ဦးမျိုးလှိုင်ဝင်းက ပြောဆိုလိုက်သည်။

မေ ၂၇ ရက်နေ့က ရန်ကုန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးကြိမ်ချန်ပီယံဆု ရရှိခဲ့ဖူးသည့် တောင်ကိုရီးယားကလပ် ပိုပာန်စတီလား အသင်းနှင့်ပတ်သက်ပြီး ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57245
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly