မြောက်ကိုရီးယား နျူကလီးယား စွန့်လွှတ်ရမယ်ဆိုတာကို အလွန်ပါးနပ်တဲ့ ကင်ဂျုံးအန်သိတယ်လို့ ထရမ့် ချီးကျူး

မြောက်ကိုရီးယား နျူကလီးယား စွန့်လွှတ်ရမယ်ဆိုတာကို အလွန်ပါးနပ်တဲ့ ကင်ဂျုံးအန်သိတယ်လို့ ထရမ့် ချီးကျူး

တိုကျို၊ မေ ၂၇ ။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအန်ကို သူ့နိုင်ငံ ဖွ့ံဖြိုးဖို့အတွက် နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ အသိရှိတဲ့ အလွန်ပါးနပ်တဲ့ သူဖြစ်တယ်လို့ မေ ၂၇ ရက်က ချီးကျူးလိုက်ပါတယ်။

“သူ သိပါတယ်။ လက်ဝယ်မှာ နျူကလီးယား ရှိတယ်ဆိုတာ မကောင်းတာပဲ ဖြစ်စေမယ်ဆိုတာ သူ သိတယ်။ သူဟာ သိပ်ပြီး ပါးနပ်ချက်ချာတဲ့ သူ ဖြစ်တယ်။”လို့ ဂျပန်နိုင်ငံဆီ လေးရက်တာ ခရီးစဉ် ရောက်ရှိနေတဲ့ သမ္မတ ထရမ့်က ပြောပါတယ်။

ဒါအပြင်လည်း မြောက်ကိုရီးယား နျူကလီးယား စွန့်လွှတ်ရင် အတိုင်းအဆ ကြီးမားတဲ့ စီးပွားရေး အခွင့်အလမ်း ထွက်ပေါ်လာမယ်လို့လည်း အရင် ပြောထားဖူးတဲ့အတိုင်း ထရမ့်က ဖြည့်စွက်ပြောပါတယ်။

ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်တို့ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး စင်ကာပူမှာ ပြီးခဲ့တဲ့ နှစ် ဇွန်လက ပထမဆုံး ထိပ်သီးစည်းဝေးခဲ့ပြီး မျှော်လင့်ချက်ရောင်ခြည်သန်းခဲ့ပါတယ်။

ဒါပေမယ့် အခုနှစ် ဖေဖော်ဝါရီမှာ ဒုတိယအကြိမ် အစည်းအဝေးကို ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပေမယ့် သဘောတူညီချက် တစ်စုံတစ်ရာ မရဘဲ ထိပ်သီးအစည်းအဝေး ပျက်ပြယ်သွားခဲ့ပါတယ်။

ဒီအချိန်ကစလို့ နှစ်နိုင်ငံကြား နျူကလီးယားသဘောတူညီချက် ရရေးက သောင်မတင်ရေမကျ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။
 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly