အမေရိကန်လုပ် F-35 တိုက်လေယာဉ် ၁၀၅ စင်း ဂျပန် ဝယ်ယူမည်

အမေရိကန်လုပ် F-35 တိုက်လေယာဉ် ၁၀၅ စင်း ဂျပန် ဝယ်ယူမည်

မေ ၂၇ ။        ။ ဂျပန်အစိုးရသည် ရေဒါကို ရှောင်ကွင်းနိုင်သော အမေရိကန်လုပ် F-35 တိုက်လေယာဉ် ၁၀၅ စင်းကို ဝယ်ယူသွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ယင်းအတွက်ကြောင့် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများထဲတွင် F35 လေယာဉ်အစုအဖွဲ့ကို အများဆုံး ပိုင်ဆိုင်မည့် နိုင်ငံ ဖြစ်လာရန် ရှိကြောင်းလည်း ထရမ့်က ပြောဆိုသွားခဲ့သည်။

“ အသစ်စက်စက် F35 ရေဒါရှောင် တိုက်လေယာဉ် ၁၀၅ စင်းကို ဝယ်ယူလိုတဲ့ ဆန္ဒကို ဂျပန်တို့ ထုတ်ပြောလိုက်ပြီဖြစ်ပါတယ်၊ ဒီ ဝယ်ယူမှုနဲ့ ဆိုရင် ဂျပန် အနေနဲ့ အမေရိကန် မဟာမိတ်တွေထဲမှာ ဒီ F35 ကို စင်းရေ အများဆုံး ပိုင်ဆိုင်ထားမယ့် နိုင်ငံ ဖြစ်လာပါလိမ့်မယ်” ဆိုပြီး တိုကျိုမြို့မှာ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေလျက် ရှိသည့် ထရမ့်က ပြောသွားသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက အမေရိကန် လုပ် ကာကွယ်ရေး တပ်ဆင်ပစ္စည်းများကို အများဆုံး ဝယ်ယူခဲ့သည့် ကမ္ဘာ့နိုင်ငံများထဲတွင် ဂျပန်တို့လည်း အပါအဝင် ဖြစ်ခဲ့ကြောင်း ထရမ့်က ထပ်လောင်းပြောကြားသွားခဲ့သေးသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly