မေ ၂၇ ။ ။ မွတ်ဆလင် အများစု ရှိရာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ တရားမဝင် ချက်လုပ်ထားသော အရက်ပုလင်းပေါင်း ၁၈,၀၀၀ ခန့်ကို မေလ ၂၇ ရက်က လမ်းကြိတ်စက်ဖြင့် နင်းခြေ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
ရာမဒန် ဥပုသ်အတွင်း အရက်သေစာ သောက်စားမူးယစ်ခြင်းမှ ရှောင်ရန် အာဏာပိုင်များက သတိပေးထားလျက် ရှိစဉ် ယခုလို အရက်ပုလင်း သောင်းချီကို ဖျက်ဆီးပစ်ခဲ့ခြင်းလည်း ဖြစ်သည်။
အင်ဒိုနီးရှားရှိ လူဦးရေ သန်း ၂၆၀ အနက် ၉၀ ရာခိုင်နှုန်းနီးပါးသည် မွတ်ဆလင်များ ဖြစ်ပြီး ၎င်းတို့ကို ယခုလို ရာမဒန် ဥပုသ်လအတွင်း နေထွက်ချိန်နှင့် နေဝင်ချိန်အကြား အစားစားခြင်း၊ အရက် သောက်သုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် လိင်ဆက်ဆံခြင်းများကို ရှောင်ကြဉ်ရန် တားမြစ်ထားလျက် ရှိသည်။
ပြီးခဲ့သည့် လများအတွင်း မြို့တော် ဂျကာတာတွင် စီးနင်းဖမ်းဆီးမှုများအတွင်း သိမ်းဆည်းထားသော အရက်ပုလင်း သောင်းချီကို တစ်နေရာတည်းတွင် စုပုံထားပြီးနောက် ယင်းကို လမ်းကြိတ်စက်ဖြင့် နင်းခြေဖျက်ဆီးပစ်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဂျကာတာမြို့ခံ ပြည်သူများကိုလည်း တရားမဝင် အရက်သေစာများ ဖြန့်ဖြူးခြင်းမှ ရှောင်ကြဉ်ကြရန် ပြောကြားထားကြောင့် ဂျကာတာ အုပ်ချုပ်ရေးမှူး အေနီးစ် ဘက်စ်ဝီဒန်က ပြောသွားသည်။