အမေရိကန်တွင် လေဆင်နှာမောင်းတိုက်၍ လူ ၂ ဦးထက်မနည်း သေဆုံး

အမေရိကန်တွင် လေဆင်နှာမောင်းတိုက်၍ လူ ၂ ဦးထက်မနည်း သေဆုံး

မေ ၂၇ ။             ။ အမေရိကန်ပြည်ထောင်စု အိုကလားဟိုးမား ပြည်နယ်မှာ မေလ ၂၆ ရက်က အားပြင်းသော လေဆင်နှာမောင်းတစ်ခု ဝင်တိုက်သွား၍ အနည်းဆုံး လူ နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

အိုကလားဟိုးမားမြို့အနီး အယ် ရီနိုမြို့တွင် ယင်း အားပြင်း လေဆင်နှာမောင်း ဝင်တိုက်သွားခဲ့ခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူလည်း အများအပြား ရှိခဲ့သည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ယင်းဧရိယာရှိ ရွေ့လျားနေအိမ်ဇုန်တစ်ခုနှင့် အနီးအနား ဟိုတယ်တစ်လုံးတို့ အကြီးအကျယ် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအကြာတုန်းကမှ ယင်းမြို့တွင် ရေလွှမ်းမိုးမှုများနှင့် အကြီးအကျယ် ကြုံတွေ့ထားခဲ့ရပြီးနောက် ယခုအခါ နောက်ထပ် ဆိုးဝါးသည့် သဘာဝဘေးတစ်ခုနှင့် ထပ်မံ ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။

“ ခု ချိန်မှာတော့ ရှာဖွေရှင်းလင်းမှုလုပ်ငန်းတွေကို ကျွန်တော်တို့ လုပ်နေပါတယ်၊ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုလည်း တွက်ချက်နေပါတယ်၊ လောလောဆယ်အထိ လူ နှစ်ယောက် သေဆုံးသွားတယ်ဆိုတာ အတည်ပြုထားပါတယ်” လို့ အယ် ရီနို မြို့တော်ဝန် မက် ၀ိှုက်က ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly