ဂျပန်ဘုရင်သစ်နှင့် တွေ့ဆုံသည့် ပထမဆုံးသော ပြည်ပနိုင်ငံ ခေါင်းဆောင် ဒေါ်နယ်ထရမ့် ဖြစ်လာ

ဂျပန်ဘုရင်သစ်နှင့် တွေ့ဆုံသည့် ပထမဆုံးသော ပြည်ပနိုင်ငံ ခေါင်းဆောင် ဒေါ်နယ်ထရမ့် ဖြစ်လာ

မေ ၂၇ ။        ။ ဂျပန်နိုင်ငံတွင် ရောက်ရှိနေလျက်ရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့့်သည် မေလ ၂၇ ရက် နံနက်ပိုင်းက ဂျပန်ဘုရင်သစ် နာရူဟီတိုအား  သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ယင်းအတွက်ကြောင့် ထရမ့်သည် မကြာသေးမီကမှ ထီးနန်းတက်ခဲ့သည့် ဂျပန်ဘုရင်သစ်နှင့်  တွေ့ဆုံသည့် ပထမဆုံံးသော ပြည်ပနိုင်ငံ ခေါင်းဆောင်လည်း ဖြစ်လာခဲ့သည်။

ယခုကဲ့သို့ ဂျပန် နန်းတော်သို့ သွားရောက်တွေ့ဆုံမှုမှာ ပြီးခဲ့သည့် မေလ ၂၅ ရက် စတင်ခဲ့သည့် ထရမ့်၏ ဂျပန် ခရီးစဉ်အတွင်း အဓိက အစီအစဉ်တစ်ခုလည်း ဖြစ်သည်။

ယမန်နေ့ မေလ ၂၆ ရက်မှာမူ ထရမ့်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ ဂေါက်သီးကစားခြင်း၊ ဆူမို ကစားပွဲ ကြည့်ရှုခြင်း ဖြင့် အချိန်ကုန်လွန်ခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ဂျပန်ဘုရင်အား တွေ့ဆုံပြီးနောက် ထရမ့်သည် ဝန်ကြီးချုပ် အာဘေးနှင့်အကြား ထိပ်သီးအစည်းအဝေးပွဲ ကျင်းပမည်ဖြစ်ပြီး ယင်းနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ကုန်သွယ်ရေးနှင့် မြောက်ကိုရီးယားအရေး တို့ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များကို ဆွေးနွေးသွားရန် ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly