ပီရူးမှာ အင်အား ရစ်ချ်တာစကေး ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ပြီး လမ်းနဲ့ အိမ်တွေ ပျက်စီးကာ လတ်တလော လူတစ်ဦး သေဆုံး

ပီရူးမှာ အင်အား ရစ်ချ်တာစကေး ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ပြီး လမ်းနဲ့ အိမ်တွေ ပျက်စီးကာ လတ်တလော လူတစ်ဦး သေဆုံး

လီမာ၊ မေ ၂၇ ။          ။ ပီရူးနိုင်ငံမှာ မေ ၂၆ ရက် အစောပိုင်းက အင်အား ရစ်ချ်တာစကေး ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ပြီးနောက်မှာ အိမ်ခြေရာခြေတွေ ပျက်စီးပြိုကျပြီး လမ်းတွေလည်း ပျက်စီးပိတ်ဆို့နေသလို လျှပ်စစ်မီးတွေပါ ပြတ်တောက်နေပါတယ်။

ပီရူးနိုင်ငံ မြောက်ပိုင်းမှာ ဗဟိုပြုတဲ့ ဒီငလျင်ကြီးအတွင်း လတ်တလော သေဆုံးသူ တစ်ဦးရှိပြီး ၁၈ ဦး ဒဏ်ရာရပါတယ်။ ဒီငလျင်ကြီးရဲ့ ဒဏ်ကို အိမ်နီးချင်း အီကွေဒေါနိုင်ငံပါ ခံစားခဲ့ရပြီး လူခုနစ်ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးတဲ့သူဟာ ပီရူးအနောက်မြောက််ပိုင်း ကာဂျမ်မာကာဒေသက ဖြစ်ကြောင်း အမျိုးသားအရေးပေါ်ဌာနက ထုတ်ပြန်ပါတယ်။

ဒီငလျင်ဟာ မြေအောက်အနက် ၁၁၅ ကီလိုမီတာမှာ ဗဟိုပြုတယ်လို့ အမေရိကန်ဘူမိတိုင်းတာရေးရဲ့ ကနဦးတွက်ချက်ချက်အရ သိရပါတယ်။

ငလျင်ဒဏ်ကို ပီရူးအပြင် ဗင်နီဇွဲလားနဲ့ အီကွေဒေါနိုင်ငံတို့ပါ ကြုံတွေ့ခံစားခဲ့ရပါတယ်။

ပီရူးနဲ့ အီကွေဒေါနိုင်ငံတွေဟာ ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ် ဖြစ်ပေါ်လေ့ရှိတဲ့ ပစိဖိတ်မီးတောင််စက်ကွင််းဒေသမှာ ရတည်ရှိတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးလှုပ်တာကြောင့် အီကွေဒေါနိုင်ငံမှာ လူပေါင်း ၇၀၀ နီးပါးသေဆုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးလည်း အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ ရှိခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly