“ချစ်ခြင်း၏ အရိပ်” ပန်းချီပြပွဲ

27 May 2019
“ချစ်ခြင်း၏ အရိပ်” ပန်းချီပြပွဲ

သူငယ်တန်းကနေ လေးငါးတန်းအရွယ် ပန်းချီဝါသနာရှင်ကလေးငယ်တွေပါ ပါဝင်ရေးဆွဲထားတဲ့ “ချစ်ခြင်း၏ အရိပ်” ပန်းချီပြပွဲကို ရန်ကုန်မြို့ လောကနတ်ပန်းချီပြခန်းမှာ ပြုလုပ်လျှက်ရှိပါတယ်။

မိဘမဲ့ ကလေးသူငယ်တွေအတွက် ရန်ပုံငွေပန်းချီပြပွဲ တစ်ခုလည်း ဖြစ်တဲ့ ချစ်ခြင်း၏ အရိပ် ပန်းချီပြပွဲမှာ ကလေးလူကြီးပန်းချီဆရာစုစုပေါင်း ၁၉ ဦးရဲ့ ပန်းချီကား ၁၂ဝ ကျော်ကို ပြသထားတာ ဖြစ်ပါတယ်။

ပန်းချီကားတွေရဲ့ စျေးနှုန်းတွေကတော့ မြန်မာငွေ ၃ သောင်းကနေ ၈ သိန်း အထိရှိပြီး လက်ရှိမှာ ပန်းချီကား ၁၉ ကား ရောင်းထွက်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီပန်းချီပြပွဲကို မေလ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း ပြသနေတာလည်း ဖြစ်ပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly