ပုဒ်မ ၅၉ မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟောပြောပွဲ မန္တလေး၊ ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်

27 May 2019
ပုဒ်မ ၅၉ မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟောပြောပွဲ မန္တလေး၊ ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်

ပုဒ်မ(၅၉)အား ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ခြင်း မရှိစေရန်နှင့် သက်ဆိုင်ရာ တိုင်း၊ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များအား တိုင်းပြည်နယ်လွှတ်တော်မှ ရွေးကောက်တင်မြှောက်ခွင့် ရရှိစေရန် ပုဒ်မ(၂၆၁)အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းတွင် ပြုလုပ်ခွင့်မရခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက "ဘယ်အဖွဲ့အစည်းက လုပ်လုပ် သတ္တိရှိရှိ ခွင့်ပြုပေးလိုက်ပါလို့ တိုက်တွန်းကြောင်း" ယနေ့ မေ ၂၆ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးတိုင်းရုံးတွင် ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ပြောသည်။

(ရိုက်ကူး - ဘိုဘို/မဇ္ဈိမ)

မနော်ရမ္မံဟစ်တိုင်ကွင်းတွင် ပြုလုပ်ခွင့်တင်ထားသော်လည်း ခွင်ပြုမိန့်မကျသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဟောပြောပွဲ ခေါင်းစဉ်ဖြင့် မေလ ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းရုံး၊အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးရုံးနှင့် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတို့တွင် တစ်ချိန်တည်း တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 #ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly