မော်တော် ၂ စီး တိုက်မိပြီးလူ ၅ ဦး သေဆုံး

27 May 2019
မော်တော် ၂ စီး တိုက်မိပြီးလူ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချင်းတွင်းတံတားအနီးမှာ မေလ ၂၆ ရက် မနက် ၈ နာရီအချိန်ခန့်က မော်တော် ၂ စီး တိုက်မိပြီး လူ ၅ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့သူတွေဟာ အမျိုးသား ၂ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ ၈ လသားအရွယ် ကလေးငယ်တွေ ဖြစ်ပါတယ်။

ဖောင်ဆွဲမော်တော်ဟာ ကုန်တင်ဖလက်မော်တော်ရဲ့ အနောက်ပိုင်းကို ဝင်တိုက်ခဲ့ပြီး ဖောင်ဆွဲမော်တော်ဟာ နစ်မြုပ်သွားခဲ့တယ်လို့ မြင်တွေ့သူတွေက ဆိုပါတယ်။

နစ်မြုပ်ခဲ့တဲ့ ဖောင်ဆွဲမော်တော်ပေါ်မှာ လူ ၁၁ ဦး လိုက်ခဲ့ပြီး ၆ ဦး အသက်အရှင် လွတ်မြောက်ခဲ့ကာ ၅ ဦးသေဆုံးခဲ့ပါတယ်။ လတ်တလော သေဆုံးသွားတဲ့ ရုပ်အလောင်း ၅ ဦးထဲက ၄လောင်းကို ဆယ်ယူဖြစ်ပါတယ်။

ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊ မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly