ထိုင်းဝန်ကြီးချုပ်ဟောင်း ပရမ် တင်ဆူလာနွန်ဒါ ကွယ်လွန်

ထိုင်းဝန်ကြီးချုပ်ဟောင်း ပရမ် တင်ဆူလာနွန်ဒါ ကွယ်လွန်
Prem Tinsulanonda was hailed as a stabilising force by allies but loathed by critics as a conservative underminer of democracy in the kingdom

မေ ၂၆ ။         ။ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦး ဖြစ်သလို ထိုင်းဘုရင့်နန်းတော်၏ အနီးကပ် အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ပရမ် တင်ဆူလာနွန်ဟာ မေလ ၂၆ ရက်အစောပိုင်းက ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ် ရှိပြီ ဖြစ်ပါတယ်။

ပရမ် တင်ဆူလာနွန်ဒါကတော့ ထိုင်းနိုင်ငံရေးကို ဆယ်စုနှစ် လေးစုကြာ လွှမ်းမိုးနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

“ ပရမ်ဟာ ဒီနေ့ မနက် ၉ နာရီလောက်ကပဲ ကွယ်လွန်သွားပါပြီ” ဆိုပြီး ပါလီမန် ဥက္ကဌ ချိုင် ချစ်ချော့ဘ်က ထိုင်း ပါလီမန်မှာ ထုတ်ပြောကြေညာသွားခဲ့ပါတယ်။

ပရမ်ကိုတော့ နိုင်ငံတည်ငြိမ်အောင် ကူညီထိန်းကျောင်းတည့်မတ်ပေးနိုင်သူအဖြစ် နိုင်ငံရေးမဟာမိတ်တွေက ချီးကျူးကြသလို တစ်ဘက်မှာလည်း ၎င်းကို ဝေဖန်သူတွေက ၎င်းဟာ နိုင်ငံမှာ ဒီမိုကရေစီကို အားနည်းအောင် လုပ်ဆောင်သူအဖြစ် ပြစ်တင်ထားကြပါတယ်။

ပရမ်ကတော့ နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်ရဲ့ အနီးကပ်အကြံပေး ဖြစ်ခဲ့သလို ထိုင်း ဘုရင့်နန်းတော်နဲ့ ထိုင်းစစ်တပ်အကြား ချစ်ကြည်မှုကို ကူညီခိုင်မြဲထားစေခဲ့သူလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly