တောအုပ်တွင်း ၁၇ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် အမေရိကန်အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်တွေ့

တောအုပ်တွင်း ၁၇ ရက်ကြာ ပျောက်ဆုံးနေခဲ့သည့် အမေရိကန်အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်တွေ့

မေ ၂၆  ။      ။ အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ် တောအုပ်နက်တစ်ခုတွင်း သီတင်းပတ်နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေခဲ့သည့် အမေရိကန် ယောဂနည်းပြ အမျိုးသမီးတစ်ဦးကို ယခုအခါ အသက်ရှင်လျက် ပြန်တွေ့ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

သူမသည် ယင်းတောအုပ်ထဲ လမ်းမှား ရောက်သွားခဲ့စဉ် အသက်ဆက်ရှင်ရေးအတွက် အပင်နှင့် ရေကိုသာ အားကိုးခဲ့ရကြောင်း သိရသည်။

အသက် ၃၅ နှစ်ရှိ အမန်ဒါ အယ်လာ ဆိုသူ အမျိုးသမီးကို ဟယ်လီကော်ပတာဖြင့် လိုက်ရှာရင်း မေလ ၂၄ ရက်က  တောအုပ်တစ်ခုထဲက လျှိုတစ်ခု အောက်ခြေ ချောင်းငယ်တစ်ခုဘေးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သူမသည် အပျော်ခြေလျင်ခရီး ထွက်လာစဉ် လမ်းမှားပြီး တောနက်ထဲ ရောက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တောအုပ်ထဲ မျက်စိလည် လမ်းမှား ရောက်သွားခဲ့စဉ် သူမသည် တောင်စောင်းတစ်ခုပေါ်မှ ပြုတ်ကျခဲ့၍ ခြေကျိုးဒဏ်ရာအပြင် အခြား ပွန်းပဲ့ဒဏ်ရာများလည်း ရရှိခဲ့ကာ ကိုယ်အလေးချိန်လည်း များစွာ ကျသွားခဲ့သည်ဟု သိရသည်။

ယခုအခါ သူမကို ပြန်လည်တွေ့ရှိပြီးနောက် ဆေးရုံသို့ တင်ပို့ပေးထားပြီး အခြေအနေကောင်းမွန်နေလျက် ရှိကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly