‘ဘာစီလိုနာကို အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်တာက အလွန်ကောင်းမွန်လွန်းပါတယ်။’ - နည်းပြ မာစီလီနို

‘ဘာစီလိုနာကို အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်တာက အလွန်ကောင်းမွန်လွန်းပါတယ်။’ - နည်းပြ မာစီလီနို
Photos: EPA
ဘာစီလိုနာရဲ့ ဖလားနှစ်လုံးအိပ်မက်ကို ရိုက်ချိုးလိုက်တဲ့ ဗလင်စီယာ

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အရှုံးဒဏ်ရာကို ကုစားဖျေဖျောက်ဖို့ ကိုပါဒယ်ရေးဖလား (စပိန်ဘုရင့်ဖလား)ကို လိုချင်ခဲ့ပေမယ့် စနေနေ့က ဗိုလ်လုပွဲမှာ ဗလင်စီယာအသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ပြီး နောက်ထပ်အံ့အားသင့်စရာ ကျရှုံးခဲ့ရပြန်ပါတယ်။

ဗလင်စီယာအသင်းရဲ့ မဆုတ်မနစ်ကြိုးစားမှုနဲ့ ရဲရင့်မှုတွေကြောင့် ကိုပါဒယ်ရေးဖလား (၅)ကြိမ်ဆက် ရယူဖို့ ကြိုးစားနေတဲ့ ဘာကာတို့  ဖလားလက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ ဖလားနှစ်လုံးအိပ်မက်ကို ရိုက်ချိုးလိုက်တာလည်းဖြစ်ပါတယ်။

ဗလင်စီယာအသင်းအတွက် ရိုဒရီဂွက်ဇ်နဲ့ ဂါမဲရိုးလ်တို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး ဘာစီလိုနာအအတွက် ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် မက်ဆီက သွင်းယူခဲ့ပါတယ်။

ဗလင်စီယာနည်းပြ မာစီလီနိုက "ကျနော်တို့မှာ ယုံကြည်မှု အမြဲရှိခဲ့ပါတယ်။ ဘာစီလိုနာကို အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်တာက အလွန်ကောင်းမွန်လွန်းပါတယ်။ ကျနော်တို့ အနိုင်နဲ့ ထိုက်တန်ခဲ့တယ်။"လို့ ပွဲအပြီးမှာ ပြောပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဗလင်စီယာအသင်းကတော့ ၂၀၀၇-၂၀၀၈ ရာသီနောက်ပိုင်း ကိုပါဒယ်ရေးဖလားကို ပြန်လည်ကိုင်မြှောက်နိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းမှာ (၈)ကြိမ်မြောက် ဗိုလ်ဆွဲခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီက သူ့အသင်းဟာ ဗယ်လ်ဗာဒီကို ဘာစီလိုနာအသင်းနည်းပြအဖြစ် ထောက်ခံခဲ့ပေမယ့် လီဗာပူးလ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာခဲ့ရတဲ့ ခံရခက်တဲ့ နာကျင်မှုတွေကနေ ပြန်လည် ကောင်းမွန်မလာသေးဘူးလို့ သောကြာနေ့က ပြောခဲ့ပါတယ်။

"ကျနော် အေးဆေးပါ။ နည်းပြတစ်ယောက်က ရှုံးနိမ့်တဲ့အခါ ခင်ဗျားကို နောက်တစ်ကြိမ်ပြန်သွားစေချင်ပြီး နောက်ထပ်စိန်ခေါ်မှုတွေကို ကျော်လွှား တိုက်ခိုက်ဖို့ ပြောပါတယ်။ ဒီအသင်းအတွက် အရှုံးဆိုတာ ခက်ခဲတယ်လို့ ကျနော် နားလည်ပါတယ်။"လို့ နည်းပြ ဗယ်လ်ဗာဒီက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဥက္ကဋ္ဌ ဘာတိုမူက "ဒီအရှုံးက နည်းပြရဲ့ အမှားကြောင့်လို့ ကျနော် မထင်ပါဘူး။"လို့ ပြောသွားပါတယ်။

ဘာစီလိုနာအသင်းဟာ အရေးကြီးတဲ့ ပွဲစဉ် နှစ်ပွဲကို ရှုံးနိမ့်ပြီးနောက်မှာတော့ ဗာလ်ဗာဒီဟာ အသင်းရဲ့ နည်းပြအဖြစ် ဆက်ရှိ၊ မရှိဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly