သမ္မတ ထရမ့်ရဲ့ လေးရက်တာ နိုင်ငံတော် ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိ

သမ္မတ ထရမ့်ရဲ့ လေးရက်တာ နိုင်ငံတော် ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိ

တိုကျို၊ မေ ၂၅ ။         ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မေ ၂၅ ရက််နေ့မှာ ဂျပန်နိုင်ငံဆီ စတင်ရောက်ရှိလာပြီ ဖြစ်တာကြောင့် ဒီခရီးစဉ်ဟာဆိုရင် ကမ္ဘာ့ပထမတန်းခေါင်းဆောင်အနေနဲ့ ဂျပန်နိုင်ငံရဲ့ ဘုရင်သစ်နဲ့ တွေ့ဆုံမှု ခရီးစဉ်ဖြစ်လာမှာပါ။

ထရမ့်နဲ့ ဇနီးဖြစ်သူ မယ်လန်နီယာတို့ဟာ Air Force One လေယာဉ်နဲ့ ၁၄ နာရီကြာ ခရီးစဉ်ပျံသန်းပြီးနောက်မှာ  ဂျပန်နိုင်ငံဆီ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လေဆိပ်မှာ သမ္မတ ထရမ့်တို့ကို ကြိုဆိုပြီးနောက်မှာ တိုကျိုမှာ ရှိတဲ့ အမေရိကန်သံအမတ်ကြီး နေအိမ်မှာ စီးပွားရေးသမားတွေနဲ့ ညစာသုံးဆောင်ကြမှာ ဖြစ်ပါတယ်။

ခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအနေနဲ့ နွေးထွေးစွာ ကြိုဆိုဧည့်ခံမှာ ဖြစ်ပြီး ထရမ့်နဲ့ သင့်မြတ်ရေးကို ပိုမိုဖော်ဆောင်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။

သမ္မတ ထရမ့်ဟာ ဂျပန်နိုင်ငံကနေ ကားနဲ့ ကားပစ္စည်း တင်သွင်းမှုကို အခွန်ကောက်မယ်ဆိုတဲ့ ခြိမ််းခြောက်ထားမှုကို ရုပ်သိမ်းသေးတာလည်း မရှိသေးပါဘူး။

အမေရိကန်အနေနဲ့ ဂျပန်ကို အလူမီနီယံနဲ့ သံမဏိတင််သွင်းမှုမှာ သွင်းကုန်စည်းကြပ်ခွန် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly