အာကာသပျံသန်းမှု၊ ဆိုလာအရွှေ့နဲ့ မိုဒီရဲ့ ရက် ၁၀၀၀ စီမံချက်

By Hundustan Times
25 May 2019
အာကာသပျံသန်းမှု၊ ဆိုလာအရွှေ့နဲ့ မိုဒီရဲ့ ရက် ၁၀၀၀ စီမံချက်
The plan will include several initiatives, from empowering women in agriculture to sending an Indian into space, as Modi seeks to fulfil his promise of creating a “New India” in his second term, they added.(AP)

ဒုတိယမြောက်သက်တမ်းမှာ ရွေးကောက်ခံရတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီဟာ ရက် ၁၀၀ လုပ််ငန်းစဉ် အစား ရက် ၁၀၀၀ စီမံချက်ကို ကြေညာပါတယ်။

အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတဲ့ ၇၅ နှစ်မြောက်ဖြစ်မယ့် ၂၀၂၂ ပထမနှစ််ဝက်အထိ လည်ပတ်မယ့် မိုဒီရဲ့ ရက် ၁၀၀၀ စီမံချက်ကို အတွင်းစည်းက အမည်မဖော်သူနှစ်ဦးက ထုတ်ဖော်ပြောလာတာပါ။

ရက် ၁၀၀၀ စီမံချက်မှာ စိုက်ပျိုးရေးကို အမျိုးသမီးတွေအပေါ် လုပ်ပိုင်ခွင့်ပေးခြင်းကနေ အိန္ဒိယနိုင်ငံသား တစ်ဦးကို အာကာသထဲ စေလွှတ်ဖို့တွေလည်း ပါဝင်ပါတယ်။

ဒုတိယမြောက်သက်တမ်းမှာ မိုဒီဟာ သူကတိခံထားတဲ့ ‘အိန္ဒိယသစ်’ ဖြစ််လာရေးကို ကြိုးပမ်းသွားလိမ့်မှာ လို့လည်း အတွင်းလူနှစ်ဦးက ဆိုပါတယ်။

“ပထမ ရက် ၁၀၀၀ စီမံချက်အတွက် ကျွန်တော်တို့ကို ညွှန်ကြားချက်ပေးထားပါပြီ။ ဝန်ကြီးအသစ်တွေ၊  ဌာန အကြီးအကျယ်တွေဟာ ၂၀၂၂ မတိုင်မီ ရည်မှန်းချက်တွေ အကောင်အထည် ပေါ်လာဖို့ကို မဟာဗျူဟာ မူဘောင်ချ ဖော်ဆောင်သွားကြရမှာ ဖြစ်တယ်။”လို့ ဖော်ပြပါ အတွင်းစည်းက လူနှစ်ဦးအနက် အဓိကကျသည့်် အစိုးရဌာနတစ်ခုမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ သူက ပြောပါတယ်။

ဆင်းရဲသားပြည်သူတွေကို လွှမ်းခြုံတဲ့ Antodaya ထီးရိပ်စီမံကိန်းအောက်ကနေ လူမှုဖူလုံရေး အစီအစဉ် တွေကိုလည်း ရက် ၁၀၀၀ စီမံချက်အတွင်း ဆက်လက်အလေးပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပထမအတွင်းလူက ဆိုပါတယ်။

ရက် ၁၀၀၀ စီမံကိန်းထက် အလွန် သုံးနှစ်တာ မဟာဗျူဟာကို ချမှတ််ပြီး လုပ်ဆောင်ဖို့ မိုဒီအနေနဲ့ ၎င်းရဲ့ အရာရှိတွေကို ညွှန်ကြားချက် ထုတ်ထားတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly