အိန္ဒိယမှာ ကောလိပ်ကျောင်း အဆောက်အအုံ မီးလောင်ပြီး ကျောင်းသား ၁၅ ဦး သေဆုံး

အိန္ဒိယမှာ ကောလိပ်ကျောင်း အဆောက်အအုံ မီးလောင်ပြီး ကျောင်းသား ၁၅ ဦး သေဆုံး

နယူးဒလေ၊ မေ ၂၅ ။       ။ အိန္ဒိယနိုင်ငံ ဆူရတ်မြို့ရှိ ကောလိပ်ကျောင်း အဆောက်အအုံတစ်ခုတွင် မေ ၂၄ ရက်က မီးလောင်မှုဖြစ်ပြီး အနည်းဆုံး ကျောင်းသား ၁၅ ဦး သေဆုံးပါတယ်။

ရုပ်သံသတင်းတွေနဲ့ လူမှုမီဒီယာတွေမှာ မီးဘေးကလွတ်အောင် အဆောက်အအုံပေါ်က ခုန်ချသူတွေကို မြင်တွေ့ရပါတယ်။

“မီးဘေးကြောင့်ရယ်၊ လွတ်အောင် အဆောက်အအုံပေါ်က ခုန်ချတာတွေကြောင့် ကျောင်းသူကျောင်းသား တွေ သေဆုံးရတာဖြစ်ပါတယ်။”လို့ အနောက်ပိုင်း ဆူရတ်မြို့က မီးသတ်အရာရှိတစ််ဦးဖြစ်တဲ့ ဒီးပတ်က ပြောပါတယ်။

ယခုဖြစ်စဉ်မှာ ခုန်ချပြီး သေဆုံးသူ ဆယ်ဦးရှိပြီး မီးလောင်ပြီး သေဆုံးသူက ငါးဦး ရှိခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် လူ ၂၀ ကျော်ကို ဆေးရုံပေါ်မှာ ကုသပေးနေရကြောင်း ဒီးပတ်က ပြောပါတယ်။

အဆောက်အအုံရဲ့ အပေါ်ဆုံးအလွှာမှာ မီးလောင်မှု ဖြစ်ချိန်၌ လူ ၅၀ နဲ့ ၆၀ ကြား ရှိနေခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly