ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ လမ်းမပေါ် ပါဆယ်ဗုံး ပေါက်ကွဲပြီး ဒဏ်ရာရသူများ ရှိ

ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ လမ်းမပေါ် ပါဆယ်ဗုံး ပေါက်ကွဲပြီး ဒဏ်ရာရသူများ ရှိ

လိုင်ယွန်၊ မေ ၂၅ ။    ။ ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ လမ်းမတစ်နေရာမှာ ပါဆယ်ဗုံး ပေါက်ပြီး လူ ရှစ်ဦး ဒဏ်ရာရကြောင်း နောက်ဆုံးပေးပို့တဲ့ သတင်းတွေအရ သိရပါတယ်။

ဗုံးပေါက်ကွဲတဲ့ နေရာကို ပိတ်ထားပြီး နောက်ထပ် သံသယရှိဖွယ် ပါဆယ်ထုပ်တွေကို ရဲတာဝန်ရှိသူတွေက ရှာဖွေရှင်းလင်းလျက် ရှိနေပါတယ်။

ဥရောပပါလီမန် ရွေးကောက်ပွဲ ကျင်းပဖို့ နှစ်ရက်အလို မေ ၂၄ ရက်မှာ ခုလို ပေါက်ကွဲမှု ဖြစ်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဟာ ရည်ရွယ်ချက် ရှိရှိ တိုက်ခိုုက်မှုတစ်ရပ်ဖြစ်ကြောင်း ဖေ့ဘုတ် live အင်တာဗျူးတစ်ခုမှာ ပြင်သစ်သမ္မတ မက်ခရွန်က ပြောပြီး ခုချိန််ထိ ပေါက်ကွဲမှုကြောင့် သေဆုံးသူ မရှိသေးဘူးလို့ ဖြည့်စွက်ပြောပါတယ်။

လိုင်ယွန်မြို့ရဲ့ အထင်ကရနေရာမှာ အဲဒီဗုံးပေါက်ကွဲတာဖြစ်ပြီး လူသိများတဲ့ လမ်းနှစ်လမ်း ဆုံရာ လမ်းထောင့်က မုန့်တိုက်တစ်ခုရှေ့မှာ စကူဝက်အူတွေနဲ့ မူလီသံချောင်းတွေ ပါဝင်တဲ့ ပါဆယ်ဗုံး ပေါက်ကွဲတာလို့ ရဲဌာနက ထုတ်ပြန်ပါတယ်။

ဒဏ်ရာရသူ ရှစ်ဦး ရှိပေမယ့် ဘယ်သူ့မှ အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း ရဲဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly