ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေစာရင်းထိပ်ဆုံးမှာ ချန်ပီယံ မန်စီးတီးကို ကျော်ပြီး လီဗာပူးလ်အသင်း ရပ်တည်

25 May 2019
ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေစာရင်းထိပ်ဆုံးမှာ ချန်ပီယံ မန်စီးတီးကို ကျော်ပြီး လီဗာပူးလ်အသင်း ရပ်တည်

လီဗာပူးလ်အသင်းသည် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်မှာ Live ရုပ်သံထုတ်လွှင့်မှုမှာ အများဆုံးဖြစ်ခဲ့ပြီးနောက် စုစုပေါင်းဝင်ငွေ ပေါင် (၁၅၂)သန်းကျော် ရရှိခဲ့ပြီး ချန်ပီယံ မန်ချက်စတာစီးတီးထက် ပေါင် (၁.၄၄)သန်း ပိုများခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အသင်းစံချိန်တင်ရမှတ် (၉၇) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ကြိုးကြာနီတို့ဟာ Sky Sport ဒါမှမဟုတ် BT Sport တို့မှာ live ပွဲစဉ် ရုပ်သံထုတ်လွှင့်မှု (၂၉) ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စီးတီးထက် (၃)ကြိမ်ပိုများတာဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57127
တင်ဆက် - ဆက်ဝေယံနိုင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly