ဝန်ထမ်းတွေကို ခပ်ကြမ်းကြမ်း ပြောသွားတဲ့ သမ္မတ

25 May 2019
ဝန်ထမ်းတွေကို ခပ်ကြမ်းကြမ်း ပြောသွားတဲ့ သမ္မတ

အစိုးရ အရာထမ်းတွေကို ပြုပြင်ပြောင်းလဲဖို့ သမ္မတက ဦးဝင်းမြင့်က သူ့ရဲ့မိန်းခွန်းမှာ ခပ်ကြမ်းကြမ်းလေး ပြောသွားတာပါ။ မေလ ၂၄ရက်နေ့က နေပြည်တော်ကောင်စီက ဌာနဆိုင်ရာ အရာထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတက အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်က အပြန်အလှန်ထိန်းကျောင်းဖို့နဲ့ လွှတ်တော်ထဲမှာ ပြီးစလွယ် လာဖြေနေတဲ့ ဝန်ကြီးတချို့ရဲ့အပြုအမှုကိုလည်း သမ္မတက သတိပေးခဲ့ပါတယ်။

ဒါ့အပြင် တရားစီရင်ရေးနဲ့ပတ်သက်လို့လည်း လွတ်လပ်ပြီး ဘက်မလိုက်ဖို့နဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့တော့ ပြည်သူကို ဖိနှိပ်တဲ့ အုပ်ချုပ်ရေးမျိုး မလိုလားဘူးလို့ သမ္မတက ပြောဆိုသွားပါတယ်။

(ရိုက်ကူး- အောင်မြတ်သူ/မဇ္ဈိမ) တင်ဆက်- မင်းမင်း
 #ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly