ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ရာထူးမှ နုတ်ထွက်မည်

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ ရာထူးမှ နုတ်ထွက်မည်

မေ ၂၄ ။           ။ လာမယ့် ဇွန်လ ၇ ရက်မှာ ဗြိတိန် ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ထရီဇာမေက မေလ ၂၄ ရက်မှာ ကြေညာလိုက်သည်။

ကွန်ဆာတေးဗစ် ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ပြီး ဝန်ကြီးချုပ်သစ် ဖြစ်လာမယ့်သူကို ရွေးချယ်နိုင်အောင် လမ်းခင်းပေးမည်ဖြစ်ကြောင်း ထရီဇာမေက ပြောသည်။

ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ ရှေ့၌ စိတ်ထိခိုက်ဖွယ် ကောင်းသည့် မိန့်ခွန်းကြေညာချက်တစ်ရပ် ထုတ်ပြန်စဉ် ထရီဇာမေက သူမအနေဖြင့် Brexit (အီးယူကနေ ဗြိတိန် နုတ်ထွက်မှု)ကို ကတိပေးထားသည့်အတိုင်း ချောချောမွေ့မွေ့ လုပ်ဆောင် မေပေးနိုင်ခဲ့သည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိကြောင်း ပြောသွားခဲ့သည်။

Brexit နုတ်ထွက်မှု အစီအစဉ်အတွက် သူမတို့ အစိုးရအဖွဲ့အပေါ် ထောက်ခံမှု ရယူနိုင်ခြင်း မရှိခဲ့တဲ့နောက် ခုလို ရာထူးကနေ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ထရီဇာမေက ကြေညာသွားခဲ့ရခြင်းဖြစ်သည်။

သူမအနေဖြင့် ၂၀၁၆ အီးယူ ဆန္ဒခံယူပွဲ ရလဒ်များအတိုင်း လေးစားလိုက်နာရန် သူမတတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးခဲ့ကြောင်း ထရီဇာမေက ပြောသွားသည်။

ယင်းအတွက်ကြောင့် လာမည့် သီတင်းပတ်များအတွင်း ခေါင်းဆောင်သစ် ရွေးချယ်မှုများကို စတင်ပြုလုပ်သွားရန် ရှိနေပြီး ယင်းကာလအတောအတွင်း ဝန်ကြီးချုပ်အဖြစ် ဆက်နေပေးမည်ဟု မစ္စ မေက ပြောသွားသည်။

ပါတီက ရွေးချယ်မည့် နောက်ခေါင်းဆောင်သစ်က အလိုအလျောက် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly