နွားနို့မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

နွားနို့မသောက်ခင် ဘာတွေသိထားဖို့လိုမလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ကျန်းမာတယ်ဆိုပြီး တစ်နေ့ကိုတစ်ခွက်လောက်ပုံမှန်သောက်ဖြစ်နေတဲ့ နွားနို့ကို သောက်နေပေမယ့် ဒါတွေရောသိပြီးရဲ့လား Hello ဆရာဝန်ပရိသတ်ကြီးရေ…… ကြိုက်လို့ပဲသောက်သောက်၊ ကျန်းမာအောင်ဆိုပြီးပဲသောက်သောက် နွားနို့သောက်မယ်ဆိုရင် ဒီအချက်လေးတွေတော့ သိထားပေးပါ။
နွားနို့တစ်ခွက်မှာပါတဲ့ အာဟာရတွေကဘာတွေများလဲ

နွားနို့တစ်ခွက်သောက်လိုက်တိုင်း အခုပြောတဲ့ အာဟာရဓာတ်တွေကို အပြည့်အဝရရှိနေမှာပါ။

    အဆီဓာတ်
    ကယ်လ်လိုရီ
    ကာဗိုဟိုက်ဒရိတ်
    ပရိုတင်း
    ကယ်လ်ဆီယမ်
    ဗီတာမင် ဒီ
    ဖော့စဖောရပ်စ်
    ရေဓာတ်
    မဂ္ဂနီဆီယမ်
    ပိုတက်ဆီယမ်
    ဗီတာမင် အေ
    ဗီတာမင် B2
    နီကာဆင်တို့ပါဝင်နေပါတယ်။

နွားနို့ကြိုက်သူတိုင်းသိထားသင့်တဲ့ အချက်တွေက ဘာတွေများလဲ

နွားနို့ကို ဘယ်အချိန်သောက်တာအကောင်းဆုံးလဲ

မနက်လား၊ နေ့လယ်လား။ ညနေလား ဒါမှမဟုတ် ညအိပ်ခါနီးလား။ မနက်ခင်းအစောပိုင်းကလွဲရင် ကျန်တဲ့အချိန်တိုင်းမှာ နွားနို့သောက်လို့ရပါတယ်။

မနက်ခင်းသောက်ရင် ….. အစာကြေခဲပြီး အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။

နေ့လယ်ခင်းသောက်ရင် ……. ဆီးလမ်းကြောင်း ကျောက်တည်တာကို သက်သာစေပြီး အင်အားပြည့်စေပါတယ်။

ညနေခင်းသောက်ရင်……..မျက်လုံးကျန်းမာစေနိုင်တယ်။

ညအိပ်ခါနီးသောက်ရင်….. ပင်ပန်းတာကို သက်သာစေတယ်။ ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်။

နွားနို့က လူတိုင်းနဲ့တည့်လား

နွားနို့က ကျန်းမာရေးအတွက်ကောင်းကျိုးများပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ နို့သကြားဓာတ်မစုပ်ယူနိုင်သူတွေက နွားနို့မသောက်သင့်ပါဘူး။

တစ်နေ့ကို နွားနို့တစ်ခွက်ပဲသောက်သင့်တယ်

အသက် ၈ နှစ်အထက်ကလေးတွေကနေစလို့  လူကြီးတွေဟာ တစ်နေ့ကို နွားနို့ ၂ ခွက်သောက်သုံးလို့ရသလို အခြားနို့ထွက်ပစ္စည်းတွေလည်း စားသုံးလို့ရပါတယ်။

နွားနို့တိုင်းက ဘေးကင်းတယ်

နွားနို့က အာဟာရပြည့်ဝတဲ့အစားအစာတစ်ခုမှန်ပေမယ့် ပြင်ဆင်ထုတ်ပိုးချိန်မှာ ရောဂါပိုးတွေကပ်ညှိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် နွားနို့တိုင်း ဘေးကင်းတယ်၊လို့ မဆိုသာပါဘူး။ နွားနို့သောက်တဲ့အခါ သေချာပိုးသတ်ထားတဲ့ နွားနို့ကို ရွေးချယ်ဖို့လိုပါမယ်။

ကလေးကို ဘယ်အချိန်မှာ နွားနို့တိုက်လို့ရလဲ

တစ်နှစ်အောက်ကလေးတွေကို နွားနို့မတိုက်သင့်ပေမယ့် တစ်နှစ်ပြည့်ပြီးရင်တော့ နွားနို့တိုက်လို့ရပါပြီ။ တစ်နှစ်ပြည့်ပြီးတဲ့ကလေးတစ်ယောက်က တစ်နေ့ကို နွားနို့ ၄ ခွက်အထိသောက်လို့ရပါတယ်။

နို့ကို အစိမ်းသောက်လို့လည်းရတယ်

နွားနို့ကို သေချာကျက်အောင်ကျိုပြီးသောက်တာက ဘေးအကင်းဆုံးပါ။ ဒါမှ အာဟာရပြည့်ဝပြီး ရောဂါပိုးကင်းတဲ့ နွားနို့တစ်ခွက်ဖြစ်လာမှာပါ။
နွားနို့ဝယ်ရင်သတိထားရမယ့်အရာတွေက

ထုပ်ပိုးမှုကို သေချာကြည့်ပါ

ထုပ်ပိုးမှုက ဘေးကင်းစိတ်ချရရဲ့လားဆိုတာကို သေချာကြည့်ဖို့လိုပါမယ်။ ထုပ်ပိုးမှုက ပွင့်နေတာ၊ ပေါက်ပြဲနေတာမျိုးဆိုရင် ရောဂါပိုးတွေဝင်နေနိုင်တာကြောင့် မသောက်သင့်ပါဘူး။

ကုန်ဆုံးရက်ကို စစ်ဆေးပါ

ကုန်ဆုံးရက်ကို သေချာစစ်ဆေးပြီးမှဝယ်ယူပါ။ ကုန်ဆုံးရက်အရမ်းနီးနေတာမျိုးကို ဖြစ်နိုင်ရင်မဝယ်ပါနဲ့။

ပိုးသတ်ထားလားသေချာစစ်ပါ

နွာနို့ဝယ်တဲ့အခါ ရောဂါပိုးတွေပါ အဆစ်ပါမလာစေဖို့ သေချာပိုးသတ်ထားတယ်ဆိုတဲ့ နွားနို့မျိုးကိုရွေးချယ်ပါ။

သေချာသိမ်းဆည်းပါ

နွားနို့ကို တစ်ခါတည်းနဲ့ ကုန်အောင်မသောက်ဖြစ်ဘူးဆိုရင် ဗူးမှာရေးထားတဲ့ သိမ်းဆည်းနည်းကို သေချာဖတ်ပြီး သိမ်းဆည်းပါ။ ရေခဲသေတ္တာထဲထည့်ရမှာကို အခန်းအပူချိန်မှာထားရင် အာဟာရပျက်ပြီး ခန္ဓာကိုယ်ကို ဆိုကျိုးဖြစ်လာစေနိုင်ပါတယ်။

ဒီအချက်တွေကို ဂရုစိုက်လို့ နွားနို့သောက်တဲ့အခါ ကျန်းမာပြီး အာဟာရပြည့်အောင်ဂရုစိုက်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ……………….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly