ဖျက်သိမ်းလိုသော ကုမ္ပဏီ ၁၇၀ ကို DICA မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

ဖျက်သိမ်းလိုသော ကုမ္ပဏီ ၁၇၀ ကို DICA မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
Photo -  thaibizmyanmar.com

မေ ၂၄ ။        ။ ဆန္ဒအလျောက် ဖျက်သိမ်းခွင့် ပြုရန်တင်ပြလာသော ကုမ္ပဏီ ၁၇၀ အား ကုမ္ပဏီမှတ်ပုံတင်စာရင်းမှနေ၍ DICA မှ ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။

ဆန္ဒအလျောက်ဖျက်သိမ်းခြင်း( Voluntary Winding Up) ကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၃ မှ ပုဒ်မ ၂၀၈ ပါ ပြဌာန်းချက်များနှင့်အညီ ဧပြီ ၃၀ ရက်နေ့က ပြုလုပ်သော မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ (၁၁/၂၀၁၉) အစည်းအဝေးအရ  မေလ ၁၄ ရက်နေ့မှ စတင် ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

၁၉၉၀ ကာလမှ ၂၀၁၇ ခုနှစ်အတွင်း မှတ်ပုံတင်ထားသောကုမ္ပဏီများပါဝင်ပြီး လုပ်ငန်းကဏ္ဍအလိုက်တွင် သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် ကျောက်မျက်ကုမ္ပဏီများ အများစုပါဝင်ကြပြီး ဆောက်လုပ်ရေး၊ ထရိတ်ဒင်း၊ ခရီးသွားလုပ်ငန်းများ လည်း ပါဝင်နေသည်။

အခြားလုပ်ငန်းများအနေဖြင့် ကျန်းမာရေး၊ ဆေးဝါး၊ ဟိုတယ်၊ ရောင်းဝယ်ရေး၊ ကွန်တိန်နာ၊ HR လုပ်ငန်း၊ အိမ်ခြံမြေ၊ အကြံပေး၊ သဘောင်္ဝန်ဆောင်မှု၊ လော့ဂျစ်စတစ်၊ ရောင်းဝယ်လေုပ်ငန်းများလည်း ပါဝင်နေသည်။  

အဆိုပါကုမ္ပဏီများမှာ ဆန္ဒအလျောက် ဖျက်သိမ်းခွင့်ပြုပါရန် DICA သို့ တင်ပြလာခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) သည် ပြည်တွင်း၊ပြည်ပ စီးပွားရေးလုပ်ငန်းများ၏ ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သောဌာနဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ၏ ဌာနခွဲလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags