သုံးလအတွင်း အကောင့်တုပေါင်း ၂ ဒႆမ၂ ဘီလီယံခန့် Facebook ဖယ်ရှား

သုံးလအတွင်း အကောင့်တုပေါင်း ၂ ဒႆမ၂ ဘီလီယံခန့် Facebook ဖယ်ရှား

မေ ၂၄  ။             ။ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လအကြားကာလအတွင်း အကောင့်တု (Fake accounts) ပေါင်း ၂ ဒႆမ ၂ ဘီလီယံခန့်ကို ဖေ့ဘွတ်ခ်က ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကုမ္ပဏီသမိုင်းမှာ စံချိန်တင် အများအပြားဆုံးသော ပမာဏလည်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒီအရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်း လစဉ် ပုံမှန်အသုံးပြုသူ ဖေ့ဘွတ်ခ်အသုံးပြုသူ အရေအတွက် ၂ ဒႆမ ၃၈ ဘီလီယံထက်လည်း အနည်းငယ်မျှသာ လျော့နည်းနေတာ ဖြစ်ပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဖေ့ဘွတ်ခ်အနေနဲ့ ဒီမတိုင်ခင် အစောပိုင်း သုံးလပတ်အတွင်းက အကောင့်တုပေါင်း ၁ ဒႆမ ၂ ဘီလီယံနဲ့ ၂၀၁၇  အောက်တိုဘာနဲ့ ဒီဇင်ဘာအကြား သုံးလအတွင်းမှာ ၆၉၄ သန်း တို့ကို Disable လုပ်ထားခဲ့ရပါတယ်။

ဒါဟာ ကုမ္ပဏီရဲ့ တတိယမြောက် လူ့အဖွဲ႔အစည်းစံနှုန်းများဆိုင်ရာ ပြဌာန်းမှုအစီရင်ခံစာကို မေ ၂၃ ရက်က ထုတ်ပြန်ခဲ့စဉ် ယခု ကိန်းဂဏန်းသစ်တွေကိုပါ ထုတ်ဖော်လာခဲ့တာဖြစ်ပါတယ်။

ဖေ့ဘွတ်ခ်အနေနဲ့ ဒီအစီရင်ခံစာကို ပုံမှန် တစ်နှစ်ကို နှစ်ကြိမ်သာ ထုတ်ပြန်နေလျက်ရှိရာကနေ လာမဲ့နှစ်က စလို့ သုံးလတစ်ကြိမ် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

“ ဒီအစီရင်ခံစာမျိုးက ဘဏ္ဍာရေး အစီရင်ခံစာလိုပဲ အရေးကြီးပါတယ်၊ ဒီတော့ ဒါကို ကျွန်တော်တို့ အကြိမ်အရေအတွက် ပိုပြီး ထုတ်ပြန်ဖို့ လုပ်သင့်ပါတယ်” လို့ စီအီးအို မက်ခ် ဇက်ကာဘာ့ဂ်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags