အာရှမှာ သမိုင်းဝင် ပထမဆုံးသော လိင်တူလက်ထပ်ထိမ်းမြားပွဲများ ထိုင်ဝမ်တွင် ကျင်းပ

အာရှမှာ သမိုင်းဝင် ပထမဆုံးသော လိင်တူလက်ထပ်ထိမ်းမြားပွဲများ ထိုင်ဝမ်တွင် ကျင်းပ

မေ ၂၄ ။        ။ အာရှဒေသမှာ ပထမဆုံးအဖြစ် လိင်တူချစ်သူ စုံတွဲချင်း လက်ထပ်ထိမ်းမြှားခြင်း အခမ်းအနားတွေကို မေလ ၂၄ ရက်က ထိုင်ဝမ်မှာ ကျင်းပခဲ့ပြီး သမိုင်းဝင်နေ့တစ်နေ့ကို မှတ်တမ်းတင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

လိင်တူ လက်ထပ်ထိမ်းမြှားခွင့်ကို တရားဝင် အတည်ပြုခွင့်ပြုလိုက်ကြောင်း ပြီးခဲ့တဲ့အပတ်က ထိုင်ဝမ် ဥပဒေပြု အာဏာပိုင်တွေက ဆုံးဖြတ်ချမှတ်ပေးလိုက်ပြီးနောက် ယခုလို လိင်တူ လက်ထပ်ပွဲတွေကို ကျင်းပလာခဲ့တာလည်း ဖြစ်ပါတယ်။

လိင်တူချစ်သူ စုံတွဲ တွေဟာ တရားဝင် လက်ထပ်မှတ်ပုံတင်မှုအဖြစ် ကျင်းပဆင်နွှဲဖို့အတွက် ယနေ့မှာပဲ တိုင်ပေမြို့လယ် အစိုးရရုံးတစ်ရုံးမှာ စုဝေး ရောက်ရှိနေခဲ့ကြပါတယ်။

ယခု လိင်တူချင်း လက်ထပ်ထိမ်းမြားးပွဲတွေအတွင်း တရားဝင်လက်ထပ်လိုက်ကြတဲ့ လိင်တူချစ်သူစုံတွဲတွေဟာ  သတင်းမီဒီယာရှေ့မှာ ပွေ့ဖက်နမ်းပြခဲ့ကြသလို ၎င်းတို့တွေရဲ့ တရားဝင် လက်ထပ်စာချုပ်တွေကိုလည်း ဂုဏ်ယူစွာနဲ့ လေထဲ မြှောက်ပစ်ခဲ့ကြပါသေးတယ်။

ခုလိုမျိုး လိင်တူ လက်ထပ်ခွင့်ကို တရားဝင် အတည်ပြုပေးထားခဲ့ပြီးနောက် ထိုင်ဝမ်ဟာ အာရှဒေသမှာ လိင်တူလက်ထပ် ထိမ်းမြားခွင့်ကို ပထမဆုံး တရားဝင် ခွင်ပြုမှုအဖြစ် သမိုင်းမှတ်တမ်း ဝင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly