ရထားပေါ်မှာ လိင်ထိပါးကျူးလွန်သူတွေကို ခြောက်လှန့်ထုတ်တဲ့ အက်ပလီကေးရှင်း ဂျပန်မှာ အသုံးတွင်ကျယ်လာ

ရထားပေါ်မှာ လိင်ထိပါးကျူးလွန်သူတွေကို ခြောက်လှန့်ထုတ်တဲ့ အက်ပလီကေးရှင်း ဂျပန်မှာ အသုံးတွင်ကျယ်လာ

တိုကျို၊ မေ ၂၄ ။           ။ ရထားတွေပေါ်မှာ အမျိုးသမီးတွေကို လိင်ထိပါးစော်ကားသူတွေကို ခြောက်လှန်ထုတ်တဲ့ တိုကျိုရဲဌာန စမတ်ဖုန်း အက်ပလီကေးရှင်း ဟာ ဂျပန်နိုင်ငံမှာ တော်တော်လေး အသုံးတွင်ကျယ်လာပါတယ်။

ရုံးတက်ရုံးဆင်းချိန် လူကြပ်ကြပ် ရထားတွေပေါ် အချိန်ကြာ စီးနင်းရတဲ့ အမျိုးသမီးတွေကို လိင်ထိပါးစော်ကားမှုတွေ ရှိနေတဲ့ ဂျပန်နိုင်ငံမှာ Digi Police အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲ အသုံးသူပေါင်း ၂၃၇၀၀၀ ကျော်အထိ ရှိလာပါတယ်။

ရထားပေါ် လိင်ထိပါးခံနေတဲ့ အမျိုးသမီးတွေအနေနဲ့ အဲဒီ အက်ပလီကေးရှင်း ကို အသုံးပြုရင် “ဒီလို လုပ်နေတာ ရပ်လိုက်”ဆိုတဲ့ ကကျယ်လောင်တဲ့ အသံထွက်ပေါ်သလို အခြားခရီးသည်တွေ သိအောင် ပြသနိုင်တဲ့ အကူအညီတောင်းတဲ့ SOS မက်ဆေ့ချ်လည်း ဖုန်းမျက်နှာပြင်အပြည့် ပေါ်လာတာ ဖြစ်ပါတယ်။ “ဒီနေရာမှာ လိင်ထိပါးကျူးလွန်သူ ရှိနေတယ်။ ကျေးဇူးပြုပြီး ကူညီကြပါ။”ဆိုတဲ့ စာသား ပေါ်လာတာ ဖြစ်ပါတယ်။

ပြည်သူ့ဝန်ဆောင်မှု အက်ပလီကေးရှင်း တစ်ခုအနေနဲ့ မကြုံစဖူး ဒေါင်းလုပ်ဆွဲသူ များပြားလွန်းလာတာ ဖြစ်ကြောင်း ရဲအရာရှိ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကေအီကိုတိုယာမီနီက ပြောပါတယ်။

“ဒီ အက်ပလီကေးရှင်း ကို လစဉ် ဒေါင်းလုပ်ဆွဲသူပေါင်း တစ်သောင်းခန့် ရှိပါတယ်။ ခုလို လူသုံးတွင်ကျယ်လာတာအတွက် ကျေးဇူးတင်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

“အမျိုးသမီးတွေက ဒီလို ရထားတွေပေါ်မှာ လိင်ထိပါး ခံရရင် အကူအညီတောင်းဖို့ ပါးစပ်က ပြောမထွက်နိုင်ဘဲ ကြောက်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီ အက်ပလီကေးရှင်းက SOS message mode ကို သုံးပြီး အသံတိတ် ကျူးလွန်ခံနေရတဲ့အကြောင်းကို အခြားခရီးသည်တွေ သိရှိအောင် အသံတိတ် အချက်ပေးနိုင်တာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အဲဒီလို ရထားပေါ် လိင်ထိပါးစော်ကားသူတွေကို ထောင်ဒဏ် ခြောက်လ ဒါမှမဟုတ်ရင် ငွေဒဏ် ယန်း ငါးသိန်း(အမေရိကန်ဒေါ်လာ ၅၅၀၀) ဒဏ်ရိုက်လေ့ရှိပါတယ်။ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာတွေပါ ကျူးလွန်ရင် ထောင်ဒဏ် ဆယ်နှစ်အထိ ချမှတ်ခံရနိုင်တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly