ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေစာရင်းထိပ်ဆုံးမှာ ချန်ပီယံ မန်စီးတီးကို ကျော်ပြီး လီဗာပူးလ်အသင်း ရပ်တည်

ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေစာရင်းထိပ်ဆုံးမှာ ချန်ပီယံ မန်စီးတီးကို ကျော်ပြီး လီဗာပူးလ်အသင်း ရပ်တည်

လီဗာပူးလ်အသင်းသည် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်မှာ Live ရုပ်သံထုတ်လွှင့်မှုမှာ အများဆုံးဖြစ်ခဲ့ပြီးနောက် စုစုပေါင်းဝင်ငွေ ပေါင် (၁၅၂)သန်းကျော် ရရှိခဲ့ပြီး ချန်ပီယံ မန်ချက်စတာစီးတီးထက် ပေါင် (၁.၄၄)သန်း ပိုများခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အသင်းစံချိန်တင်ရမှတ် (၉၇) မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့တဲ့ ကြိုးကြာနီတို့ဟာ Sky Sport ဒါမှမဟုတ် BT Sport တို့မှာ live ပွဲစဉ် ရုပ်သံထုတ်လွှင့်မှု (၂၉) ကြိမ်နဲ့ အများဆုံးဖြစ်ပြီး စီးတီးထက် (၃)ကြိမ်ပိုများတာဖြစ်ပါတယ်။

ဂွာဒီယိုလာရဲ့ စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ စွမ်းဆောင်ရည်အတွက် ဆုကြေး ပေါင် (၃၈.၄) သန်းနဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်ထက် ပေါင် (၂)သန်းနီးပါး ပိုရရှိပါတယ်။

အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်ပြီး တန်းဆင်းသွားခဲ့ရတဲ့ ဟတ်ဒါဖီးရဲ့ ဝင်ငွေပမာဏကတောင် ပေါင် (၉၆.၆)သန်းအထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ် အသင်း (၂၀)လုံးဟာ ခွဲတမ်းဆုကြေးငွေအဖြစ် ပေါင် (၃၄.၄)သန်း ဝန်းကျင် ညီတူညီမျှရရှိခဲ့သလို နိုင်ငံတကာမှာ ရုပ်သံထုတ်လွှင့်မှုမှ ပေါင် (၄၃.၂)သန်းစီနဲ့ central commercial ဝင်ငွေ ပေါင် (၅)သန်း ရရှိခဲ့ပါတယ်။




 

2018-19 Premier League payments to clubs

 

Live games

Total payments (£)

Manchester City

26

150,986,355

Liverpool

29

152,425,146

Chelsea

25

146,030,216

Tottenham

26

145,230,801

Arsenal

25

142,193,180

Manchester United

27

142,512,868

Wolves

15

127,165,114

Everton

18

128,603,905

Leicester

15

123,328,078

West Ham

16

122,528,663

Watford

10

113,895,527

Crystal Palace

12

114,215,215

Newcastle

19

120,130,418

Bournemouth

10

108,139,973

Burnley

11

107,340,558

Southampton

10

104,302,937

Brighton

13

105,741,728

Cardiff

12

102,704,107

Fulham

13

101,904,692

Huddersfield

10

96,628,865

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly