ကျရာတာဝန်ကို တာဝန်ခံမယ် တာဝန်ယူမယ်ဆိုတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်

By မျိုးသန့်(မဇ္စျိမ)
23 May 2019
ကျရာတာဝန်ကို တာဝန်ခံမယ် တာဝန်ယူမယ်ဆိုတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျာ ။ဒီတစ်ပတ်  Minister’s Question ကဏ္ဍမှာ တွေ့ဆုံမေးမြန်းသွားမယ့် ပုဂ္ဂိုလ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပဲဖြစ်ပါတယ်ခင်ဗျာ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာရပြီး အစိုးရဖွဲ့ပြီး နောက်ပိုင်းမှာ ပြောင်းလဲမူတွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းအတွင်းမှာရော ဘာတွေပြောင်းလဲမူတွေ လုပ်ခဲ့လဲ ၊ အားရကျေနပ်မှုရော ဘယ်လောက်ထိ ရှိသလဲ၊ ပြောင်းလဲရေးတွေရော ဘယ်အခြေအနေထိ လုပ်နိုင်ခဲ့သလဲ ဆိုတာကို တွေ့ဆုံ မေးမြန်းသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ ။

မေး။    ။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ ဝင်စဉ်ကာလမှာ ပြောင်းလဲချိန် တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲပြီးတော့ ဝင်လာတယ် ။ အဲ့ဒီတော့ အခုဆိုရင် အာဏာရလာတဲ့ သက်တမ်းက ၃ နှစ်ရှိပြီပေါ့ ။ အဲဒီ့တော့ ဒီအပြောင်းအလဲပေါ့ စစ်ကိုင်းတိုင်း အတွင်းမှာ ဘာတွေများ အပြောင်းအလဲတွေလုပ်ခဲ့ ပြီးပြီလဲ ခင်ဗျာ့ ။

ဖြေ ။    ။အာဏာရတာလို့ မသုံးနဲ့ပေါ့၊ အုပ်ချုပ်ရေးတာဝန်ကို ယူခဲ့တာလို့ သုံးပါ ။ မဏ္ဍိုင်ကြီး ၃ ရပ်လိုပေါ့ ။ ဆရာ့အနေနဲ့ကလည်း ခုနက ၂၀၁၅ ရွေးကောက်ပွဲမှာ ဟုတ်လား၊ ပြောင်းလဲချိန်တန်ပြီ အမှန်တကယ် ပြောင်းလဲဖို့ NLD ကိုမဲပေးစို့ ဆိုတဲ့ဟာနဲ့ ဝင်ခဲ့တာ ။  စဉ်းစားတဲ့အခါကျတော့ တို့စစ်ကိုင်းတိုင်းကိုဘာနဲ့ စပြောင်းလဲမှာလည်း၊ အခြေခံကျကျ စဉ်းစားတဲ့အခါကျမှ တို့တိုင်းဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံရမှာ ဒါကြောင့်မို့လို့ တို့ မူ ၃ မူချခဲ့တယ် ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ၊ တိုင်းဒေသကြီး အတွင်းမှာ ရှိအပ်တဲ့ လူမူစီးပွားဘဝ ဖွံဖြိုးတိုးတက်လာစေရမယ် ၊ အဲ့ဒီ့ဟာတွေ ဆောင်ရွက်ဖို့ဆို ဘာတွေလိုအပ်တာလဲ ၊ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးနဲ့ လျှပ်စစ်ဓာတ်အား တိုးတက်မြှင့်တင်ရေး။ အဲဒီလိုလုပ်ပြီးတော့ ဒါနဲ့ပြီးဦးမလား လျှပ်စစ်မီးတွေ ဖွံ့ဖြိုးတိုးတက်တာတောငိ တို့ ခရီးသွားလုပ်ငန်းပါ ဖွံဖြိုးတိုးတက်စေရန် ဆိုပြီးတော့ တို့ မူဝါဒ ၃ ရပ်လုပ်ခဲ့တယ် ။ အဲဒီ့ဟာကို နှစ်စဉ် ဦးစားပေးလိုက်လို့ လုပ်ငန်းစဉ်များ၊ ရည်းမှန်ချက်ချမှတ်ပြီးတော့ တို့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ် ။ အဲဒီလိုလုပ်တဲ့အခါမှာလည်း တို့အသွင်ကူးပြောင်းရေးကာလဆိုတော့ အများကြီး ဝေဖန်တာတွေ ဖြစ်လာမှာ စိုးလို့ ဘာပဲလုပ်လုပ် တို့ ပြည်သူရဲ့ဆန္ဒနှင့် နီးစပ်နိုင်အောင်လို့  တို့ လူမူအဖွဲ့အစည်းတွေ လွှတ်တော်ကိုယ်စားလှယ်တွေဆီကနေပြီးတော့ ပြည်သူတွေ ဘာဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒကို၊ တို့ အနီးကပ်ဆုံးရအောင်ယူခဲ့တယ်။  ရအောင်ယူပြီးတော့ရော ဒီဥစ္စာတွေ တည်ဆောက်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေမှ မပါဘဲနဲ့၊ ဟုတ်လား ခုနကကျတော့ ပြည်သူ့ ဆန္ဒမပါခဲ့လို့ ရှိရင် ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်သွားမယ် ။ ပြည်သူ့ဆန္ဒတော့ယူပြီးတော့ တို့ကမသိလို့ရှိရင် ပေးအားပေး၏မရ၊ ကျွေးအား၏ကျွေးမဝ ဆိုတာကဖြစ်ဦးမယ် ။ ဘာလုပ်ငန်း ဘာစီမံကိန်းပဲလုပ်လုပ် ဖိတ်ကြားသင့်တဲ့ပုဂ္ဂိုလ်ကိုဖိတ်ကြားတယ် ၊ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ လုပ်ပြီးတော့ တို့ တကယ့်ကို sustainable development ဖြစ်သွားအောင်  အဲဒီလိုပဲ တို့ ရေရှည် တည်တံ့ခိုင်မြဲရေးကို တို့လုပ်သွားပါတယ် ။ အဲဒီအတွက်လည်းတို့ ဘယ်အချိန်လာမေးမေး ဘယ်ကမေးမေး ဖြေဖို့ အသင့်ပါပဲ ။

မေး ။   ။   ခရီးသွားလုပ်ငန်းလို့ ဝန်ကြီးချုပ်ပြောသွားတဲ့ အခါမှာ  မနှစ်ကဆိုလည်း ချင်းတွင်းမှာ ချင်းတွင်း သင်္ကြန်လုပ်ခဲ့တယ် ၊ ဒီနှစ်ဆိုလည်းလုပ်တယ်ပေါ့လေ ။   ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်တို့ activity တွေ အခုဆိုလည်း ပြနိုင်တာ ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်တာ ချင်းတွင်းသင်္ကြန်ပေါ့ ၊ နောက်ထပ်ဘာတွေများရှိပါသေးလဲ။

ဖြေ ။    ။  ခရီးသွားလုပ်ငန်းက ၊ ဆရာတို့လုပ်ခဲ့တာက အားရကျေနပ်စရာလေးတွေ တကယ့်ကို တကယ်တို့  လက်ခမောင်းခတ် ရလောက်အောင်တော့ မဟုတ်ဘူး၊ တို့ကျေနပ်အားရစရာတော့ တို့လုပ်ခဲ့တယ် ။  ခုနကဆရာပြောပြီးပြီပဲ မင်းတို့ကို ဒီခေတ် ရပ်ကွက်ဒေသ ဖွံဖြိုးတိုးတက်ဖို့ ဆိုလို့ရှိရင် မင်းခရီးသွားလုပ်ငန်း လမ်းပန်းဆက်သွယ်ရေးမကောင်းရင် ဘာလုပ်မှာလဲ လမ်းပန်းဆက်သွယ်ရေးကို တို့ အလေးထားဆောင်ရွက်တယ် ။  မြစ်ကူးတံတားတွေ ၊ လမ်းကွန်ရက်တွေ၊ နောက် ကျေးလက်လမ်းတွေ၊ နောက် လျှပ်စစ်မီးရအောင် တို့အားလုံးလုပ်ခဲ့တယ်။ အဲဒီ့လုပ်ခဲ့တော့ အဲ့ဒီ့မှာလည်း မင်းတို့အခု သိသားပဲ မင်းတို့လာကြည့်သားပဲ မုံရွာ စစ်ကိုင်း BOT လမ်းပဲ ဘယ်လောက်ကောင်းလဲ ဟုတ်လား။ နောက်ပြီးတော့ ရွှေဘို၊ စစ်ကိုင်း နောက်ပြီးတော့ မုံရွာ၊ ရွှေဘို၊ နောက် ဟိုဘက်က လမ်းမကြီးတွေ အခုလုပ်နေတယ်။ အဲဒီ ခရီးသွားလုပ်ငန်း လမ်းကွန်ရက်တွေပေါ်မှာ ဆရာ့အနေနဲ့ တော်တော်လေး အားရကျေနပ်တယ် ။ အဲ့ဒါကိုမှီပြီးတော့ တို့ခရီးသွားလုပ်ငန်းတွေ လုပ်တဲ့အခါမှာ တို့ခရီးသွားလုပ်ငန်းဆို မင်းတို့သိတာပဲ ၆ ဇုန် ခွဲထားတယ်၊ ရွှေဘို ၊ စစ်ကိုင်း ၊ မုံရွာ ၊ ကသာ ၊ ခနီး္တ ၊နောက်ပြီးတော့ ကလေး ဆိုပြီး ၊ ဇုန် ၆ ဇုန် ခွဲထုတ်ထားတယ် ။ အဲ့ဒီ ဇုန် ၆ ဇုန် လုပ်တဲ့အချိန်မှာ ခရီးသွားလုပ်ငန်း ဘယ်လောက်ဖွံ့ဖြိုးတိုးတက်လဲ၊ အဲဒီ ၃ နှစ်တာအတွင်း တို့လုပ်ခဲ့တဲ့ ခရီးသွားလုပ်ငန်းတွေမှာဆို ရှေးဟောင်းအမွေအနှစ်တွေကို တို့ ပြုပြင်ထိန်းသိမ်းတယ် ။ ခုနက ဇုန် ၆ ဇုန်မှာ လမ်းညွှန်မြေပုံတွေ လမ်းညွှန် ဆိုင်းဘုတ်တွေ စိုက်ထူတယ်၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ် ။ နောက်ပြီးတော့ မင်းကွန်းဒေသနဲ့ နွယ်ငြိမ်း ဒေသတွေမှာ တို့ရေလမ်းကလာတာ တို့ရှိတယ်လေ၊ အဲဒီတော့ လာဆင်းတဲ့ အချိန်မှာ ဟို ကုန်းပေါ် ကနေ ထိုးဆင်း ဆိုတော့ Jetty ၃ ခုကို တို့ တည်ဆောက် ပေးခဲ့တယ် ။ နောက်ပြီးတော့ တို့ အဲဒါတွေကိုမြှင့်တင်ဖို့ အတွက် MITV, MRTV-4, MIZZIMA တွေနဲ့ တို့က လွှင့်တင်ပေးခဲ့တယ် ။ ဒါမှ သိမှာလေကွာ။ တို့စစ်ကိုင်းတိုင်းမှာ နောက်ပြီးတော့   တို့ပြောပြောနေတဲ့   ခရီးသွားတဲ့နေရာမှာ ငါတို့ ဘယ်နေရာပဲ သွားသွား၊ ဟေ့ Toilet ကောင်းရဲ့လားလို့ပဲ မေးတော့တာ ၊ ဗိုက်ဆာတာက ချုပ်နေလို့ရတယ် ။ အိမ်သာမရှိရင် ချုပ်နေလို့ မရဘူး ။ ဒါကြောင့်မို့ အများသုံး သန့်စင်ခန်းတွေ ဆောက်ပေးခဲ့တယ် ။  အဲ့ဒီလို တည်ဆောက်ပေး လို့လည်း မင်းတို့အခုသိမှာပေါ့၊ ဗန်းမောက်မြို့နယ် ဇလုံတောင်ကို တို့လက်ထက်မှာ   မနှစ်က စလုပ်တော့   ၂ သိန်းကျော်လာတယ် ။ ဒီနှစ်ဆို တို့အခု ၂ သိန်းခွဲ ကျော်လာတယ်၊ ၅ သိန်းကျော်လိမ့်မယ်လို့ ထင်တယ် ။ ဒီနှစ်ဆို မှန်းထားတယ် ။ နောက်ပြီးတော့ အခုဆို   တို့လူမျိုးတွေက နားနားနေနေ အပန်းဖြေသွားနိုင်အောင်လို့ ကန့်ဘီလူ မြို့နယ် ဇင်းတောင်မှာ လင်းနို့ဂူရှိတယ် ။ ဘူမိ ရူပ ထူးခြားတဲ့နေရာ အဲဒီမှာလည်း အပန်းဖြေ စခန်းရော ၊ နားနေစခန်းလေးရော တို့ဆောက်ပေးခဲ့တယ် ။ ထို့အတူပဲ ၂၅ ရက်နေ့မှာ ချပ်သင်း၊ ကန့်ဘီလူမြို့နယ် ၊ ချပ်သင်း ရွှေနွယ်ဘေးမဲ့တောမှာ အပန်းဖြေစခန်းလေး တည်ဆောက်ပေးခဲ့တယ် ။ နောက်ခရီးသွား လုပ်ငန်းလုပ်တဲ့အခါ community base tourisum ဖြစ်စေချင်တဲ့အတွက် တို့ကဘာလုပ်လဲဆိုတော့ ဇလုံတောင်မှာ CPG တစ်ခုလုပ်ပေးခဲ့တယ် ။ အခု နွယ်ငြိမ်း၊ ပြီးတော့ ဒီသင်္ကြန်မှာတောင်မှ တို့ ရိန်းဘား beach ကိုသွားလည်ကြဦးမယ် ။ နောက်ဝက်လက်မြို့နယ်မှာ ဧရာဝတီလင်းပိုင်၊ တို့တစ်ခါသွားကြည့်ခဲ့ တယ်လေ ။ အင်းတောင်းမှာ တို့ CPG ။ တစ်ခါ ဧရာဝတီလင်းပိုင် ကြည့်နေတုန်း သွားကြည့်တော့ ကံကောင်းထောက်မစွာပဲ လင်းပိုင်အုပ်တွေကို အများကြီးတွေ့ရတယ် ။ နောက်ပြီးတော့ အဲ့ဒါတွေ ကိုလည်း အားလုံးသိလာအောင်လို့ ပြည်တွင်းပြည်ပ ခရီးသည်တွေသိလာအောင်လို့ တို့က ရယ်လီကားမောင်းကွင်း journey to the north west ဆိုပြီးလုပ်ခဲ့တယ်၊ journey to the Naga Land ဆိုပြီး လုပ်ခဲ့တယ် ။ အဲဒီလို လုပ်ခဲ့တာ လွှင့်ပြလိုက်တော့ တို့ဒီစစ်ကိုင်းတိုင်းရဲ့ ခရီးသွားလုပ်ငန်း တော်တော်လေး အောင်မြင်ခဲ့တယ် ။ နောက်ပြီးတော့ တို့ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ငါတို့ ခရီးသွားရက်သတ္တပတ် ဆိုပြီး တို့လုပ်ခဲ့ တယ်လေကွာ ။ ဒီကနေ တို့ ရထောင်ကိုသွားတယ် ။ ရထောင်ကနေ ရထားစီးတယ် ၊ ရထားစီးပြီး တော့ ကသာရောက်တယ် ၊ ကသာကနေပြီးတော့ ကားနဲ့ တို့ဇလုံတောင်ဘက်ပတ်တယ် ။ ပတ်ပြီးတော့ တို့ ရွှေဘို ၊ ကျောက်မြောင်း ၊ ကျောက်မြောင်းကနေ တို့ သင်္ဘောစီးပြီးတော့ တို့ ဒီလင်းပိုင်တွေ ကြည့်ခဲ့တယ် ။  အဲ့ဒီ့အတွက်တို့ တော်တော်လေးလည်း အကျိုးများတယ်လို့ တွက်တယ် ။ နောက်ပြီးတော့ တို့ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကော်မတီက ဖိတ်ကြားတယ်။ ဂျပန်ရိုးရာ ယဉ်ကျေးမူအက လာခဲ့တယ်လေကွာ၊ ပြီးခဲ့တဲ့လက။ အဲဒီမှာ တို့ စစ်ကိုင်း နဲ့ မုံရွာမှာ ဖျော်ဖြေခဲ့တယ် ။ တို့ကအဲဒီလို ကိုယ်လည်း ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်စေချင်တဲ့အတွက် အဲဒီအဖွဲ့ကိုလည်း တို့က ခရီးသွား သံတမန် ပြန်ခန့်ခဲ့တယ် ။ အဲ့ဒီလို လုပ်ခဲ့တဲ့ အတွက်တို့ နိူင်းယှဉ် ကြည့်တယ်ကွာ။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ဘယ်လောက်ထိတောင် တိုးတက်လည်းဆို ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ နဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့၊ တို့ ၂၂ ရာခိုင်နှုန်းကျော် ၂၃ ရာခိုင်နှုန်းနီးပါး တိုးတက်တယ် ။ အဲ့ဒါကိုပဲ တစ်ခါ ၂၀၁၇ နဲ့ ၂၀၁၈ ပြန်နှိုင်းယှဉ်တဲ့အခါမှာ ၁၇ ရာခိုင်နှုန်းလောက်ထပ်တိုးတက်တယ် ။ ၂၀၁၉ ခုနှစ်မှာ ဒီ့ထက်ပို လာလိမ့်မယ်လို့ တို့ယုံကြည်တယ် ။ တို့ အဲဒီခုနကတုန်းက ဆရာပြောသလိုပေါ့။ အများသုံး သန့်စင်ခန်းတွေ လိုတဲ့ အတွက် တို့ ကမ္ဘာ့ခရီးသွားနေ့မှာ ၂၀၁၇ ၊ ၂၀၁၈ ၊ ၂ နှစ်ဆက်တိုက် တို့က အများသုံးအိမ်သာ သန့်ရှင်းမူ ဆုကိုရခဲ့တယ် ။ ဒါ့အပြင်ပဲ တို့ ၂၀၁၉ ၊ ၂၀၂၀ အတွက် Asean Public standard award ကို တို့ ရခဲ့တယ် ။ အဲ့ဒီလိုလုပ်တဲ့အတွက် ဒီလိုလုပ်တဲ့ အတွက် ခရီးသွားလုပ်ငန်းနဲ့ မီလာတယ် ။ ဟိုတယ်တွေက ၂၃ ခုရှိခဲ့တယ် ။ အခုဆို ၃၆ လုံးရှိပြီ။ နောက်ထပ် ၁၀ လုံး ကိုလည်း တို့က လိုင်စင် ထုတ်ပေးဖို့ လိုအပ်တယ် ။ အဲ့ဒီ့တော့ ခရီးသွား လုပ်ငန်းတော့ လာပါရဲ့ကွာ ၊ သူတို့ကို လမ်းညွှန်မယ့်သူ ၊ ပြောပြမယ့်သူ မရှိတော့ တို့က    ဧည့်လမ်းညွှန် သင်တန်းကို ၂ ကြိမ် ၊ ဟိုတယ် ဝန်ဆောင်မူသင်တန်းကို ၂ ကြိမ် ပေးခဲ့တယ် ။ အဲဒီကနေမှ ကျောင်းသား ၊ ကျောင်းသူတွေ ၇၁၄ ဦး ကိုမွေးထုတ်နိုင်ခဲ့တယ်။ ဒါမှ ခရီးသွားလုပ်ငန်းကို ပိုမိုရင်းနှီးမြှုပ်နှံဖို့ ကြိုးစားလာကြမယ် ။ ပုဂ္ဂလိကတွေလည်း ဒီခရီးသွားလုပ်ငန်းကိုရင်းနှီးမြုပ်နှံနိုင်အောင် တို့ ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။  

မေး ။   ။ နောက် တစ်ချက်ပေါ့နော်။  မရှိမဖြစ်လိုအပ်တာ လျှပ်စစ်ပေါ့နော်၊ လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့လည်း ဒီတိုင်းအတွင်းမှာ ပိုပြီးတော့ရဖို့ ဘယ်လိုမျိုး ကောင်းအောင် ဆောင်ရွက်နေလဲ သိပါရစေ ။

ဖြေ ။    ။ရှိတယ် ။လျှပ်စစ်တွေကြည်။့ တို့ လျှပ်စစ်က ၂၀၁၉ ဆိုတို့ အများကြီးရောက်တော့မှာ၊   အခု ကချင်ပြည်နယ် တာပိန်ကနေပြီးတော့မှ အခု 230 KVA လိုင်း ၁၈၀ မိုင် ဆွဲနေသေးတယ် ။ ဆွဲနေတာ ဒီနှစ်ကုန် ပြီးပြီ ။  အဲ့ဒီ ၁၈၀ တို့ 240 MW တို့က ထပ်ဆောင်းမှာနော် ။  ဒီလျှပ်စစ်အနေနဲ့ ဆရာထင်တယ်လေ။ ဧရာဝတီမြစ် အနောက်ဘက်ကမ်းနဲ့ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းကတော့ အကုန်လုံးရသွားတော့မှာ။ နောက် လျှပ်စစ်ဓာတ်အားတွေ ထပ်လုပ်နေတဲ့ နာဂ ဆိုရင်  တိုင်းငန်းချောင်း ရေအားလျှပ်စစ်လုပ်တယ်။ တို့ နမ့်ပန်က တို့ ကုန်းမြင့် နမ့်ပန်မှာ 4 mega watt ရှိတဲ့ ရေအားလျှပ်စစ်လုပ်တယ် ။ လျှပ်စစ်ဓာတ်အားကို တို့က တတ်နိုင်သမျှ အများကြီး လုပ်ပေးနိုင်ခဲ့တယ်လေ ။ ဒါကြောင့်မို့ တို့ အခုကြည့်မယ်ဆိုရင်လည်း ဓာတ်အားခွဲရုံတွေ၊ ဓာတ်အားလိုင်းတွေကိုလည်း  တိုးချဲ့တောင်ရွက်ခဲ့နိုင်တယ် ။ အဆင့်မြှင့်ပေးနိုင်ခဲ့တယ် ။ ဓာတ်တိုင်တွေကိုလည်း မကောင်းတဲ့ ဓာတ်တိ်ုင်တွေကို လဲပေးခဲ့တယ် ။ ကြွေသီးတွေလည်း အများကြီး သောင်းချီ ပြီးတော့ တို့ လဲပေးနိုင်ခဲ့တယ်လေ ။ လျှပ်စစ်နဲ့ ပတ်သက်ပြီးလည်း တို့ ဒီလောက်အထိ လုပ်ပေးနိုင်ခဲ့တာပဲ ။

မေး ။   ။ ကျေးဇူးတင်ပါတယ်ခင်ဗျ ။ ခုနကပြောသလိုပဲ ဝန်ကြီးချုပ်က အပြောင်းအလဲတွေ လုပ်ခဲ့တယ်ပေါ့လေ။   ဒီလိုမျိုး အပြောင်းအလဲ တွေလုပ်တဲ့နေရာမှာ စိန်ခေါ်မူတွေလည်းကြုံရမှာ ပေါ့။ အဲ့ဒီ့တော့ စိန်ခေါ်မူတွေက ဘာတွေလဲ ။ အဲ့ဒီ့စိန်ခေါ်မူတွေကို ဘယ်လိုကျော်လွှား သလဲ။

ဖြေ။     ။ ဘယ်လိုပြောမလဲ ။ စိန်ခေါ်မူတွေက အရာရာရှိမှာပဲလေ။ စိန်ခေါ်မူတွေက ဆရာက တွေးပြီးသား အဲဒီ့စိန်ခေါ်မူတွေက ဆရာ့ Chance ပဲ၊ ဒီစိန်ခေါ်မူတွေကကို ကျော်လွှားနိုင်လို့ရှိရင် ပြည်သူတွေရဲ့ ထောက်ခံ ယုံကြည်မူကိုရမယ် ။ မင်းတို့ကိုပြောထားပြီးသား စစ်ကိုင်းတိုင်းက တို့ အကျယ်ကြီး။ ထားပါ၊ တို့ဒီဘက်အခြမ်းကတော့ ချင်းတွင်းအခြမ်းက တော်တော့်ကို လမ်းပန်း ဆက်သွယ်ရေး ကောင်းတယ် ။ infrastructure အဖြစ် လမ်းပန်းဆက်သွယ်ရေး၊   လျှပ်စစ်မီး ၊ လမ်းပန်းဆက်သွယ်ရေးမှာ တို့က အဲ့ဒါ ကန့်သတ်တွေရှိနေတာ ဒါပေမယ့် တို့ ဖြေလျော့လို့ တော်တော်လေးတော့ ရနေခဲ့ပြီ ။  ဆရာတို့ပြောတဲ့ တမူး၊ မဏိပူနဲ့ အိန္ဒိယနယ်စပ် ကုန်သွယ်ရေးနယ် အဲဒီမှာ အကန့်အသတ်တွေ ရှိနေတယ် ။ အဲဒီဟာ တို့အတွက်နည်းနည်း အခက်အခဲလေးပေါ့။ ဒါပေမယ့် တို့ အဲဒီ အခက်အခဲလေးတော့ ပူးပေါင်းပြီးတော့ ကျော်လွှားမှာပါ။ နောက်ပြီးတော့ တို့ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့ အထဲမှာ တို့တတ်နိုင်သမျှ ဖြေလျော့ပြီးတော့ ဆက်ဆံပေးမယ်။ လိုအပ်ရင်ပြော လမ်းပန်းဆက်သွယ်ရေး ရအောင်လုပ်ပေးမယ် ။ SME တွေ၊ လာပါ၊ လုပ်ကြ စမ်းပါ၊  ရင်းနှီးမြှုပ်နှံကြစမ်းပါ၊ တို့လုပ်ပေးမယ် ။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် အဲဒီကနေမှ တစ်ခါထဲ ရင်းနှီးမြှုပ်နှံလို့ လူမူစီးပွားဘဝတွေ ဖွံဖြိုးတိုးတက်လာမှာဖြစ်တဲ့ အတွက် တို့တွေ  အနေနဲ့တော့ အစွမ်းကုန်  ကြိုးစားလုပ်ကိုင်နိုင်မှာ ဖြစ်တယ်လေ ။

မေး။    ။ နှစ်ခုလောက်မေးချင်ပါတယ် ။ ခုနကပြောတဲ့ အထဲမှာ SME တွေ ဖွံ့ဖြိုးတိုးတက်စေချင်တယ် ဆိုတော့ ဘယ်လိုမျိုး SME တွေကို ဖွံဖြိုးတိုးတက်စေချင်တာလဲ ။  နောက်တစ်ခုက စစ်ကိုင်းတိုင်း ကပေါ့နော်၊ ပဲနဲ့ ပဲထွက်ကုန် စိုက်ပျိုးပုံတွေမှာ တကယ် တကယ့်ကို ပဲ ကတော်တော် ထွက်တယ် ဆိုတော့  ဒီ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလောက်ဖြည့်ပြောပေးလို့ ရမလား ။

ဖြေ။     ။ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ပဲတို့ ကြံ တို့က စစ်ကိုင်းတိုင်း အနောက်ဘက်က ထွက်တာပါ ။ အဲဒီမှာ value added ပိုလာအောင် ကြိုးစားလာနေတာပဲလေ ။ အခုတို့ မဏိပူ၊ မဏိပူ ပြီးတာနဲ့   တို့ဘက်က အများဆုံးလာတာ တို့ ခုနက ချတ်ဆွဲလိုက်တဲ့ ပဲတွေဆို တော်တော်လေး ဖွင့်ပေးလိုက်တယ်လို့ သိရတယ် ။ အဲ့ဒါကြောင့် တို့ ပြည်တွင်းစျေးကွက်ကနေ ပြည်ပစျေးကွက်ကို တိုက်ရိုက်သွားတာက မဏိပူ ပဲလေ၊ တမူး။ အဲဒီအတွက် တို့ဘာလုပ်လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး အတွက်။ ဒီနှစ်ကုန် ၂၀၂၀ ဆို  ပြီးတော့မယ် ။  မုံရွာကနေ တမူးထိ၊ တမူးနဲ့ မုံရွာနေ့ချင်းပြန်လို့ ရအောင်လုပ်နေတယ် ။ Border Pass. BP အနေနဲ့ ၁၃ ညအိပ် ၁၄ ရက်နေလို့ရတယ်။ ၁၆ ကီလိုမီတာအတွင်း၊ မိုင် ၂၀ လောက်သွားလို့ ရတယ်။ အဲ့ဒီ့ဟာနဲ့ ၊ တို့ Visa နဲ့၊ တို့ ဟိုဘက်ကို သွားလို့ရအောင်လုပ်နေတယ် ။ အဲဒီလို ဒီဘက်ကနေ ဖြတ်သွားမယ်ဆို ၊တမူး ကနေသွားမယ်ဆို ဗုဒ္ဓဂါယာ အထိ သွားလို့ရအောင် လုပ်နေပြီ ။ နောက်   တမူးမှာလည်း တို့စီးပွားရေး ကောင်းတာလေး တစ်ခုလုပ်ဖို့ စဉ်းစားနေတယ် ။ အဲဒီအတွက်လည်း အိန္ဒိယနဲ့ တွေ့တဲ့အချိန်မှာ အမြဲတမ်း ဒီဘက်ကနေ ဖွင့်ပေးဖို့ ၊ သူတို့ကလည်း ပြောပါတယ်။ တို့ တမူးဘက်က သူတို့ အိန္ဒိယဘက်ကလာလို့ရှိရင် ခုနက မဏိပူတို့ အာသံတို့က ဝေးတာကိုးကွ။ တို့စစ်ကိုင်းတိုင်းပဲ မှီခိုနေရတော့ အဲ့ဒါတွေ တို့ လုပ်တယ်။ ဘိလပ်မြေတွေက အဲဒီလမ်းက အများကြီးရောက်နေတာပဲ ၊ အဲဒီအတွက်လည်း ကြိုးစားနေပါတယ် ။

မေး။    SME တွေကို လာပါ ရင်းနှီး မြှပ်နှံပါ။ SME တွေကိုပေါ့၊ အကူအညီပေးရမယ် ဆိုပြီး ဝန်ကြီးချုပ်က ၃ - ၄ ခါ လောက်ပြောခဲ့တဲ့ အခါ ကျတော့မှ ကျွန်တော်က SME တွေက  ဒေသတစ်ခု ဖွ့ံဖြိုးဖို့ တိုင်းပြည်ဖွ့ံဖြိုးဖို့ ဘယ်လောက်အထိ အရေးပါလဲ။

ဖြေ။     ။ SME ကအရေးပါဆုံးပေါ့ ။ SME ဆိုတာ လမ်းဘေးကွမ်းယာဆိုင်က SME ကွ ။ ဘာရောင်းရောင်း SME ကွ၊ အဲဒီမှာ ဘာမှမလိုဘူးကွ။ အဲ့ဒီလိုပဲ တို့က ခရီးသွားလုပ်ငန်း Non Smoking Industry ကွ ။ အဲဒီ ခရီးသွားလုပ်ငန်းလည်း SME ၊ သူတို့လာမှာပဲ လာတဲ့အချိန်မှာ ဆရာပြောပြမယ် ။ SME တိုးတက်ဖို့ သွားတဲ့ နေရာတိုင်းကို ဘာပြောလဲဆိုတော့ ရောင်းသူက အစားအသောက်ရောင်းမယ်၊ (၁) သန့်ရှင်းပါ ။ (၂)  အရသာရှိပါ ။ အရသာတော့ရှိပြီး သန့်ရှင်းမူမရှိရင် ဘယ်သူမှမစားချင်ဘူး ၊ ဒါလည်းဆရာကိုယ်တိုင် သွားခဲ့ပြီးတော့၊ တစ်နေရာဆို ဆရာ ဖိုးဝင်းတောင်သွားတယ်ကွာ၊  ဖိုးဝင်းတောင်ဆိုတော့ နေပူတော့ အချဉ်ပေါင်းလေး စားချင်တယ်၊ မှန်လုံနဲ့တော့ ထည့်ရောင်းပါတယ် ၊ သွားဝယ်တော့ လက်ကြီးနဲ့ ကိုင်လိုက်တယ် ။ လက်အိတ်တောင် မစွပ်ထားဘူး ။ ဆရာကလည်း ပညာပေးတယ် သွားလေတဲ့နေရာတိုင်း။  နောက်ပြီးတော့ SME တွေ တိုးတက်ဖို့ အတွက် သွယ်ဝိုက်တဲ့နေရာက သန့်ရှင်းဖို့ လိုတယ် ။  ဒေသတစ်ခုဟာ အမှိုက်တွေရှိရင် မသန့်ရှင်းရင် မလာချင်တော့ဘူး ။ ဒါ့ကြောင့် ဆရာသွားတဲ့နေရာတိုင်းမှာ သွယ်ဝိုက်နေပြီးတော့ကွာ လမ်းတွေသွားရင် ဆရာအိပ်မသွားဘူး။ ဘယ်မြို့ရွာက ဘာလို့ အမှိုက်တွေ မရှင်းတာလဲ ။ အဲ့ဒါ လူကြည်လင်မူနဲ့ စိတ်ဖြစ်သွားမယ်လေ ။   SME ဆိုတာ အကုန်ပဲကွ၊ လမ်းဘေး စျေးသည်တို့ ကွမ်းယာဆိုင်တို့ အကုန်ပဲကွ ။  အဲ့ဒီဟာတွေက တကယ့် အခြေခံကျတာ micro တွေက သူ့ဘာသာသူလာမှကွ၊  အခြေခံအကျဆုံးက MSME တွေပေါ့ ။

မေး။      အခုလို ၃ နှစ်ပြည့်တဲ့ အခါမှာ ၊ ကိုယ့်ကို မဲပေးခဲ့တဲ့ ပြည်သူတွေကို ပေးချင်တဲ့ သတင်းစကား massage က ဘာလဲမသိဘူး ။

ဖြေ။     ။ ဒါကတော့ ဆရာတို့ပြောချင်ပါတယ်လေ ။ ပန်းသတင်း လေညင်းဆောင်၊ လူသတင်း လူချင်းဆောင်။   မုံရွာ Gazette မှာ ဖော်ပြထားတယ်ကွ ။ ဘာပြောလည်းဆိုတော့ သုံးရာခိုင်နှုန်းလောက်က ဟိုး လွန်ခဲ့တဲ့ ၃ - ၄ - ၅ နှစ်လောက် ကပေါ့။ ဒီလူဦးရေ ၃၀၀ ခန့် က အဂတိရှိတယ်လို့ နည်းနည်းသုံးသပ်ကြတာ ။ လွန်ခဲ့တဲ့အပိုင်း နှစ်ကပေါ့နော်။ အခု မသုံးသပ်တော့ဘူးဆိုပါတော့။ နောက် ဒါမုံရွာ Gazette ရဲ့ ဝေဖန်ချက်ပါ၊ ၆၆ ရာခိုင်နှုန်းသည် မုံရွာမြို့သည်   တိုးတက်မယ့် လမ်းပေါ်ကို ရောက်သွားပါပြီလို့  သုံးသပ်ကြတယ်တဲ့ ။ ၆၇ ရာခိုင်နူန်းသည် မုံရွာမြို့မှာ ည ဘယ်နေရာသွားသွား စိတ်ချလုံခြုံမူ ရှိတယ်လို့ ခံစားရပါတယ်တဲ့ ။ အဲ့့ဒီဟာလေးနဲ့ တိုးတက်တာကို ဘယ်လောက်ပြောပြော။ ဆရာ အမြဲပြောတဲ့ စကားလုံး ရှိတယ်ကွ ။ တိုးတက်မူကို ဆရာတင်းတိမ် မနေနိုင်ဘူး ။ ဘာဖြစ်လို့လဲဆို မင်းကြည့်လေ ဆရာတို့က အာဆီယံဝင်ဖြစ်နေပြီလေ ။ အပတ်တကုတ် ကြိုးစားရမှာ၊ ရဟန်းရှင်လူ ကျောင်းသားတွေရဲ့ အသက်သွေးချွေး တွေက ဒါကြီးဖြစ်ချင်လို့ လုပ်လာတာ၊ တို့က ကြိုးစားရမှာ ။ အဲဒီကျတော့ တို့ရဲ့ ပြယုဒ်က တကယ့်ကို ပွင့်လင်းမြင်သာတဲ့ တိုးတက်မူကိုပြရမှာ၊ အဲ့ဒီလိုပြဖို့အတွက် တို့က စံပြဖြစ်ဖို့လိုတယ် ။ အဂတိတရား ကင်းအောင်လို့ တို့က ကြိုးစားတယ် ။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားလုပ်မယ် ။ အေး  အဲ့ဒါ တစ်ခုနဲ့ ပြီးပြီလား ၊ မပြီးသေးဘူးကွ၊ အဲ့ဒီ့တော့ တို့တစ်တွေအားလုံးက တို့ပြောမယ် ပူးပေါင်းပါဝင်မူ ဟုတ်လား၊  ပြည်သူတွေနဲ့အတူ ပူးပေါင်း ပါဝင်မူအင်အားနဲ့မှ ကျော်လို့ရမှာ ။ အဲ့ဒါကြောင့်မို့လို့ တို့က ပြည်သူတွေ လူမူအသင်းအဖဲဲွ့တွေ ဌာနဆိုင်ရာတွေ အားလုံး ပူပေါင်းကြပါ ။ပေးတဲ့အကြံဉာဏ်လည်း ပေးကြပါ ။ လိုရင် တို့ ယူမယ်လေ မလိုရင်တော့ မယူဘူးပေါ့ ။ အဲ ့ဒီလို  ပူးပေါင်းဆောင်ရွက်ပြီးတော တို့လိုချင်တဲ့ တိုးတက်မူကို၊ စစ်ကိုင်းတိုင်းမှာ အများဆုံးရချင်တဲ့ အတွက် ဆရာ့အနေနဲ့ ဘယ်နေရာ သွားသွား၊ ပူးပေါင်းဆောင်ရွက်ကြပါလို့ ဆရာက ပြောခဲ့တယ် ။ နောက်တစ်ခါ ဆရာ သွားလေတိုင်းပြောတဲ့ စကားတစ်ခုရှိတယ်ကွ ၊မူးယစ်ဆေးဝါး ။ ဟိုဘက် အထက်ပိုင်းကို သွားတယ် ။  ဗန်းမောက်ဖက် ပင်လယ်ဘူးတွေဘက်မှာ တစ်အိမ်မှာရောက်တယ် သူတို့အိမ်မှာ ယောက်ျားသားတွေ မရှိတော့ပါဘူးတဲ့ ။   ဆရာက  သေတယ်ထင်တာပေါ့၊ ဘယ်ဟုတ်မလဲ မူးယစ်ဆေးဝါးစွဲလို့တဲ့ ။ အဲ့ဒီ့ကျတော့မှ ဆရာက   တစ်ခါတည်း   မူးယစ်ဆေးဝါးတွေကို အခု ဆရာ့တိုင်းမှာ မူးယစ်ဆေးဝါးတွေ တော်တော့်ကို နှိမ်နင်းတော့ ပြည်သူတွေလည်းပူးပေါင်းပါဝင်ကြတယ်၊    ဘယ်လိုပြောမလဲ ကွာ အပေါ်ကချတဲ့ ဟာဖြစ်မယ်ကွာ ။ တို့တိုင်းမှာလုပ်နေတာမှ အများကြီး ၊ ဆရာလည်း ဒါကြောင့်မို့ သွားတဲ့ အရပ်ဒေသတိုင်းမှာ ဆရာက NLD ပါတီရဲ့ ဥက္ကဋ္ဌ။ ဟိုး ၈၈ မတိုင်ခင်ထဲက လုပ်လာခဲ့တော့ ဆရာ့ကို မြို့တိုင်းက သိတယ် ။ သိတဲ့ အချိန်မှာ ဆရာ့ကို inform လာလုပ်ပါ၊ ဆရာ့ကို သတင်းပေးပါ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး အသိုင်းအဝိုင်း သူငယ်ချင်း အပေါင်းအသင်းတောင်မှ မညှာပါနဲ့၊ မီးဆိုတာ အဲ့ဒီ့ မူးယစ်ဆေးဝါးဆိုတာ ငါ့သားသမီးတွေ မကူးသေးဘူးလို့ မထင်ပါနဲ့ ။ ဟုတ်လား အဲ့ဒါ ကိုယ့်အတွက် တချိန်မှာ ရောက်လာမှာပဲ အဲဒီဒုက္ခက အဲ့ဒါကြောင့် သတင်းပေးကြပါ ။ ပေးတဲ့အချိန်မှာ အားလုံးကိုတာဝန်ယူပါတယ်။ ပေးတဲ့အတွက် ကျွန်တော်က ယုံကြည်စိတ်ချသူ ဖြစ်ပါစေ ။ အဲဒီလိုပြောလိုက်တာနဲ့ တောက်လျောက် ဒီက လှမ်းခိုင်းတာ ။ ဘယ်သူက လှမ်းခိုင်းလည်း မသိဘူး အဲဒီသွား အဲဒီသွား လှမ်းခိုင်းတာ၊  တိုင်းရဲမှူးကြီးနဲ့ ပေါင်းပြီးတော့လုပ်တဲ့ အတွက် တို့တိုင်းမှာ မင်းတို့ ကြည့်လိုက်ပါ သတင်းစာထဲ မူးယစ်ဆေးဝါးတွေ ဘယ်လောက်ဖမ်းတယ် ၊ ဘယ်လောက်ဖမ်းတယ် ။ အမြဲတမ်းတွေ့ရမှာပါ  ။ အဲဒီ မူးယစ်ဆေးဝါးကိုလည်း အမျိုးသားရေးအန ္တရာယ် အဖြစ် ဆရာတို့ ကြိုးစားနေတယ်လေ ။ အိတ်ပေါက်နဲ့ ဖားကောက်တယ််လို့ ပြောမှာပေါ့ ။ ဒီလောက် တိုးတက်တဲ့ အဲဒီ မူးယစ်ဆေးဝါး အသံကြီးက အခုခေတ်လည်း အဲဒီ မူးယစ်ဆေးဝါး  အန ္တရာယ် ဘယ်လောက်ကြီးလည်း မင်းတို့ သိပြီးသားပဲလေ ။

မေး ။   ။ ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ။ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ရဖို့အတွက် ဒီ သက်တမ်း ၂ နှစ် ကျန်တဲ့ အထဲမှာ ဘာတွေများ ဆက်လုပ်ဖို့ အစီစဉ်ရှိလဲ ဆရာ ။

ဖြေ။     ။ ဆက်လုပ်မှာပဲလေ ၊ တို့ကလည်း လိုအပ်ချက်တွေ လိုက်ဖြည့်မှာပဲလေ။ အခုလိုမျိုး ဂျိုက်ကာနဲ့ပေါင်းပြီးတော့မှ စိုက်ပျိုးမွေးမြူရေးတွေလုပ်နေပြီ ။ လမ်းပန်းဆက်သွယ်ရေးလည်း ၊ ဒီနေ့လည်းလာတယ် လာပြီးတော့ BOT လုပ်မလား၊ ဘာလုပ်မလဲ လမ်းတွေကျန်သေးတယ်လေ ။ အခု ယာကြီးလမ်းပြီးသွားပြီ ။    ကလေးဝကနေထွက်လာရင် မြစ်သာမြစ်ကိုကူးပြီးရင်တော့ ယာကြီးလမ်း။ ခုနက တို့ တံတားက ခနီး္တ ချင်းတွင်းမြစ် အဝင် ကလေးဝတံတား၊ ဟုမ္မလင်းတံတား၊ ခနီး္တတံတား ပြီးပြီ။ တို့ ထမံသီတံတား တစ်ခုလုပ်ဖို့လည်း တို့ တင်ထားသေးတယ် ။ နောက်ပြီးအဲဒီက ထွက်လာမယ်ဆို မဟာမြိုင်ထဲကိုရောက်ပြီ မဟာမြိုင်လမ်းကြီး တကယ့်တကယ်ကို တောတွေမှာ တောရိုင်းတိရိစ္ဆာန်တွေ တော်တော်များများရှိတဲ့ အထဲဆိုရင် အဲဒီလမ်းတွေက မကောင်းသေးဘူး ။ အဲဒီလမ်းကိုလည်း BOT လုပ်ဖို့ ကြိုးစားနေတယ်။  အဲဒီမဟာမြိုင်လမ်းမှာ သက်ကယ်ရိပ်ကျရင် တို့ အထက်ဘက်ကို ပြန်ထောင်တက်သွားမယ် ။ ဟုမ္မလင်း ၊ ဖောင်းပြင်၊ ခနီး္တလမ်း အဲဒီဟာ မိုင် ၃၃၀ ရှိတယ် ။ သက်ကယ်ရိပ်ကနေ ခွဲထွက်သွားရင်  မိုင် ၃၃၀ ကျော်ရှိတယ် ။ ဒီသက်ကယ်ရပ် နဲ့ ဖောင်းပြင် ကြားက ရာသီမရွေးမသွားနိုင်သေးဘူး။ ပွင့်လင်းရာသီဆို ဟိုဘက်ကျတော့သွားလို့ ရပြီ ။ အဲဒီကျတော့တို့ ဖောင်းပြင် ရောက်သွားပြီ ။ ဖောင်းပြင်ကနေ တို့ ပင်လယ်ဘူးကို ဖြတ်ကူးလိုက်မယ် ။ ပင်လယ်ဘူးရောက်တာနဲ့ ဒီရွာကထွက် မြစ်ကြီးနားပဲ ကချင်ပြည်နယ် ၊ ကချင်ပြည်နယ်ကနေ ဟိုဘက် လွယ်ဂျယ် ထိသွားလို့ရတယ် ။ တို့ အဲဒီကနေလာမယ်ဆို ခုနကပြောတဲ့ တို့ ကလေးဝ တံတားဆင်းလာမယ် ၊ မဟာမြိုင်တောလာမယ်ဆိုရင် ရေဦးရောက်မယ် ၊ ရေဦးကနေပြီးတော့ တစ်ခါ မူးမြစ်ကိုဖြတ်ကူးလိုက်မယ် ။ ဖြတ်ကူးပြီးတာနဲ့ တစ်ခါ ခင်ဦး ဖြတ်ပြီးတော့ ဗျူဟာလမ်းပေါ်ကနေပြီးတော့ ကချင်ပြည်နယ် ဆက်သွားလို့ ရပြီ ။ အဲဒီလာမယ်ဆို မဟာမြိုင်က လာမယ်ဆို ရေဦးနဲ့ ဒီ ကို ၅၇ မိုင် ၊ တစ်ရက်တည်း မုံရွာကို ၁ နာရီခွဲနဲ့တင် ရောက်သွားနိုင်တယ် ။ ခုနကဆရာပြောသလိုပဲ တမူးနဲ့ မုံရွာကိုနေ့ချင်းပြန်လို့ ရအောင်ဆရာတို့ ကြိုးစားနေတယ် ။ အဲဒီနောက်တော့ အခု လျှပ်စစ်မီး။ လျှပ်စစ်မီးက ဆရာလုပ်သမျှ တော်တော် အောင်မြင်နေပြီ ။ တချို့ ဟာတွေဆို မင်းကင်းရယ် တမူးရယ် ၊ ကလေးဝရယ် ၊ လျှပ်စစ်ဓာတ်အား ပေးလိုက်တဲ့အတွက် အဲဒီလျှပ်စစ်လိုင်း၊ နဂိုကတော့ local generator ပေါ့၊ အခုတော့လည်း သူတို့ ၁၂၀ နည်းနည်းကျော်ကျော် မဂါဝပ် နဲ့ အသုံးများလာခဲ့ပြီ ။ အဲဒါလျှပ်စစ်မီး ။

မေး ။   ။ ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ် ။ ကျွန်တော်တို့ အခုလုပ်မယ့် စီမံကိန်းတွေပေါ့လေ ၊ လမ်းပဲဖြစ်ဖြစ် တံတားပဲဖြစ်ဖြစ် ဆောက်လုပ်ရေးတွေပဲဖြစ်ဖြစ် အရည်အသွေးတွေကို ဘယ်လို ဝန်ကြီးချုပ် ဆက်ပြီး . . .။

ဖြေ ။    ။ အခုလုပ်မှာ ဆက်လုပ်မှာ ပြောထားပြီးသား  ။ တို့ အခု ဆရာတို့ ချထားတာကွာ  တင်ဒါ ကိစ္စဆို အကုန်ပြောထားတယ် ။ ဆရာဘယ်သူမှ ညှာမှာမဟုတ်ဘူးနော်လို့ ၊ တိုင်းပြည် ဘဏ္ဍာကိုတော့ လေလွင့်မခံနိုင်ဘူးနော်လို့ သေချာလုပ်ပါလို့ ။ မင်းတို့ ဘယ်လောက် ခက်ခဲလည်း ဘယ်လောက်ဖြစ်လဲပြော ၊ တို့ဘာကူညီပေးရမလဲပြော ခက်ခဲရင်ပြော၊ တို့ကို အရည်အသွေးမီအောင်လုပ်ပေးပါ ။ ဟုတ်လား အဲ့ဒီလို ခုနကဆရာပြောသလိုပေါ့၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ ဖိတ်တယ် ၊ စစ်မယ်။ လှမ်းကြည့်မယ် ။ တကယ့်တကယ် မှန်လာတဲ့လူကို ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီကုမ္ပဏီတစ်ခုဟာ တို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် တာဆိုလို့ရှိရင် နောက်ဘာတွေဘာတွေ ဖြစ်လာလို့ ရှိရင်လည်း လိုအပ်တဲ့နေရာ တို့ ပူးပေါင်းဆောင်ရွက်မှာပဲလေ ။ တို့မူချထားတယ်လေ ၊ ဟုတ်တယ်မဟုတ်လား ။ ဘာပဲလုပ်လုပ် မူခံပြီးတော့ လုပ်တာ နော်။

မေး ။   ။ ကျေးဇူးတင်ပါတယ်  ။   သက်တမ်း၂ နှစ်ကျန်တော့တယ် ။ ကျန်တဲ့အချိန်မှာ စစ်ကိုင်းတိုင်း အတွင်းမှာပေါ့လေ မရှိမဖြစ် ၁ နှစ် ၂ နှစ်အတွင်းမှာ   လုပ်ချင်တဲ့ ကိစ္စတွေက ဘာတွေရှိလဲ။

ဖြေ။     ။ ခုနက လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးပဲလေ ၊ လမ်းပန်းဆက်သွယ်ရေးက first priority ပဲ ။  second က လျှပ်စစ်မီး ။ အဲဒီ ၂ ခုပြီး ကျန်တာက  ကျွဲကူးရေပါပဲကွာ။  IT ခေတ် နည်းပညာ တို့ ပေးမယ် ။ ဒီ ပစ္စည်းကို Value added ကို ဘယ်လို လုပ်မလဲ ၊ အဲ့ဒီလို လုပ်ချင်တာ ။ ဆရာအခုပြောပြောနေတယ်ကွာ ဘယ်သူကမှ မလာလို့၊ ဆရာတို့ ဒီ အပူပိုင်းဒေသ။ အကုန်လုံး ထန်းပင်တွေ ရှိတယ် ၊ ထန်းလုပ်သားတွေ အများကြီးရှိတယ်။ ထန်းပင်တွေက ဒီတိုင်းဖြစ်နေတာ ထန်းပင်တွေ မခုတ်ရဘူးလို့ ပြောထားတယ်။ အဲ့ဒါကို ငါပြောတာ organic brown sugar လုပ်ချင်တာ။ တို့ ငယ်ငယ်က မင်းတို့ သိချင်မှသိမယ်၊ မဆလ ခေတ်မှာ တို့ ငယ်ငယ်က သကြားမှ ၅၀ သားလောက်ရတာ။ ထန်းလျက်နဲ့ လက်ဖက်ရည်  ကော်ဖီဖျော်သောက်ရတာ ၊ သကြားနဲ့ဆို အနံ့က ဘာမှမရှိဘူး ။ ထန်းလျက်နဲ့ဆို ထန်းလျက်နံ့လေးနဲ့ အဲ့ဒီ့ဟာလေးကိုသောက်ချင်တာ၊    အဲ့ဒီဟာကို Organic Brown sugar လုပ်နိုင်မယ်ဆိုရင် တို့ နိုင်ငံက ဘာလို့ ပို့လို့ မရရမှာလည်း။ ဒီထန်းပင်တွေ ဘယ်နေရာကြည့်ကြည့် လမ်းဘေး တစ်လျှောက်ကြည့်လည်း ထန်းပင်ချည်းပဲ ၊ အဲဒီ ထန်းပင်တွေ ဘယ်မှာ အသုံးချမလဲ ။ နောက်တစ်ခါတို့ ထန်းပင်မြစ် အဲဒီ့ ထန်းပင်မြစ်တွေကိုလည်း value added လုပ်ပြီး ထုတ်လုပ်ရောင်းလိုက်ရင် ဘယ်လောက် ဖြစ်လိုက်လိမ့်မလဲ ။ အဝေးကြီးမစဉ်းစားဘူး ဆရာက ဒါပဲ စဉ်းစားတာ ။ နောက်ပြီးတော့ ဒီလူမူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ဆရာတို့ အခုဆို ထုတ်နေတယ်ကွ။ ဒီအခု ငါးတွေ ဘာတွေလုပ်တဲ့ အချိန်မှာ ဟုတ်လား၊  ကွန်က လက် ၂ သစ် ၊ ငါးရစ်တက်ချိန်မှာ မလုပ်ရဘူးပြောထားတယ် ။ အခု ငါးရစ်တက်ချိန်လည်း လုပ်ချင်လုပ်တာပဲ၊ ၂ သစ် မဟုတ်ဘူး၊ ဒီ အသေးလေးကအစ အကုန်လုပ်သွားပြီ ၊ ဒါ ကွန်နဲ့တင်၊ နောက်မြုံးနဲ့၊ နောက်တစ်ခါ အခု ရှော့တိုက်တယ် ။ ဘယ်မှာလည်းကွ၊ တို့ အဲဒါ ထိန်းနေတယ်။ ငါးဥ၊ ဖားဥတွေ ကုန်ကုန်ပြီ။  အခု ဘယ်မှာတုန်းကွ၊ ဗျိုင်းတွေဆိုလည်း ငါကြည့်နေတယ် လယ်ကွက်ထဲမှာ မရှိတော့ဘူး၊ အိမ်တွေ ချောင်ကြို ချောင်ကြားတွေ လျှောက်နားနေရပြီ ။ ကြာရင်ဒီ ဂေဟ စနစ်တွေ အများကြီးပျက်လာမှာ၊ ဒါကြောင့်မလို့ အခု စာတွေထဲမှာတွေ့နေတယ်၊   ထမံသီ သစ်တောလေ   အကောင်းဆုံးသစ်တော ကြိုးဝိုင်း။ အဲဒီမှာက ရှားပါး တိရစ္ဆာန်တွေ အကုန်ရှိတယ်။ ဒါကြောင့်မို့လို့ ဆရာထိန်းနေတယ် ။ ကျားခြေရာဆို လွတ်လွတ်လပ်လပ်တွေ့ရတယ် ၊ အများကြီးတွေ့ရတယ် ၊ အခုတို့ ချပ်သင်း ရွှေသမင်သစ်တော၊ တို့ တုန်းက ၃၀၀ ကျော်၊ ခု ၈၀၀ ကျော် ၉၀၀ လောက်ဖြစ်နေတယ်။ အဲ့ဒီ့နားတစ်ဝိုက်ကိုလည်း ထိန်းနေတယ် ။ အဲ့ဒီ့နားကို တူမီး မပစ်ရဘူး၊ သမင်သားမရောင်းရဘူး၊ သမင်ဂျိုမရောင်းရဘူး။ ရောင်းရင် ထိရောက်စွာ အရေးယူမယ် ။ ဒီလမ်းတစ်လျောက် မင်း ဟိုးတုန်းက ယုန်လေးတွေ ဘာတွေရောင်းတာ၊ အခု မရောင်းရတော့ဘူး၊ ဒါတွေက တို့ အလှပြတာကွ ၊ မင်း discovery ကြည့်နေတာပဲ ၊ အဲ့ဒါကြည့်ဒါမင်း ခရီးသွားလုပ်ငန်း ဘယ်လောက်တိုးတက်လဲ ။ ငါလည်း အဲဒီ့ဟာ ကြည့်ပြီးတော့ အဲ့ဒီ့ထဲကအတိုင်း  အကုန်လုပ်ချင်နေတာ ။

မေး ။   ။ ကျေးဇူးတင်ပါတယ်ဗျ ။ တိုင်းပြည်အတွက် အရေးကြီးတယ်လို့ ထင်လို့ပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ (၁) အချက်က ပြောင်းလဲချိန်တန်ပြီဆိုပြီးပြောတယ်၊ (၂) အချက်က  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုပြီးပြောတယ်။ (၃) အချက်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့  အဲဒီတော့ ကျွန်တော်တို့က ဒီဖွဲ့စည်းပုံပြင်ဖို့ ထောက်ခံပွဲတွေလည်း လုပ်တယ်ပေါ့နော် ။ လွှတ်တော်ထဲမှာလည်း ဆွေးနွေးနေကြတယ် ။ ပြီးခဲ့တဲ့ ၂ ပတ်လောက်ကပဲ ဒီမှာလုပ်ခဲ့တယ် ဆိုတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ထောက်ခံပွဲလေးပေါ့၊ အဲဒါကရောဆရာ။

ဖြေ။    ။ ဆရာပြောပြပါမယ်။ အလွတ်မပြောချင်တော့ဘူး ဘာလို့လဲဆိုတော့ ဒါကအရေးကြီးတယ်လေ၊ အရေးကြီးတဲ့ အတွက် ဒါက ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း ၊ ရွေးကောက်ပွဲ ကြေညာစာတမ်း မှာ တို့ ၄ ချက် စကြေညာတယ် ။ ပြည်သူလူထုဘဝများ ပြောင်းလဲချိန်တန်ပြီ ၊ ပြည်သူတွေ၏ ဘဝများ ပြောင်းလဲလာစေရန် (၁) တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး (၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် ပေါ်ထွန်းရေး (၃) ပြည်သူလူထုအား တရားမျှတစွာ ကာကွယ်ပေးမည့် အုပ်ချုပ်မူစနစ် တစ်ရပ် ပေါ်ပေါက်လာရေး (၄) လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတည်ဆောင်ရွက်သွားပါမည် ။  နောက် အဲဒီ အပေါ်မှာ မင်းတို့ သိချင်တာ ခုနက အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ဟုတ်တယ်မဟုတ်လား။ အဲဒီဟာက ၂ အချက်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ်ပေါ်ထွန်းရေးအတွက် လက်ရှိအခြေခံဥပဒေကို အောက်ပါမူများအတိုင်း ပြင်ဆင်သွားမည် ။ (၁) အခြေခံ လူ့အခွင့်အရေး၊ ဒီမိုကရေစီ စံနှုန်းများ ညီညွှတ်ရမည် ။ (၂) ရှေ့နောက် အဓိပ္ပာယ် ကွဲလွဲမူမရှိစေရ (၃) ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်သားများအခွင့်အရေးများကို အာမခံရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်မည် ။ (၄) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်မည် ။ (၅) အပြန်အလှန် ထိန်းကျောင်းနိုင်သည့် ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်ကြီး ၃ ရပ်အား တစ်ဖက်စောင်းနင်း မဖြစ်စေရ ။ (၆) နိုင်ငံသားတိုင်း တန်းတူညီမျှမူ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည် ။ အဲ့ဒါတွေအတွက် လုပ်လာတဲ့အတွက် တို့ ဒီလောက်ကပဲ စတော့မယ် ။ ဟိုး အရင်က အခြေခံဥပဒေပြင်ဆင်ရေး လုပ်လာခဲ့တာပဲ။ လုပ်လာတော့ ခုဆန္ဒပြကြတယ် ။ ပြကြတဲ့ ပြည်သူတွေ ပြခြင်းကို NLD က နောက်ကနေ ပ့ံပိုးမယ် ။ မရှိရင်တို့ NLD ကရှေ့ဆောင်ရမှာပဲလေ။ ဒါကြောင့်မို့လို့ တို့ ဒီထောက်ခံပွဲတွေကိုလုပ်တယ် ။ ဘယ်ရွေ့ဘယ်လောက်ဖြစ်လာမလဲဆိ်ုတာ တို့ စောင့်ကြည့်နေတယ် ။ တို့ကတော့ အပေါ်ကချတာနဲ့ အောက်က တို့က လက်တွဲညီညီ သွားရမှာပဲလေ။ ဒါ တို့နိုင်ငံအတွက် အရေးကြီးတဲ့ ဟာကိုကွ ။

မေး ။   ။ ငြိမ်းချမ်းရေးပေါ့လေ ။   ဝန်ကြီးချုပ်တို့ပါတီကလည်း   ပြည်တွင်းငြိမ်းချမ်းရေးအတွက် တစ်စိုက်မတ်မတ် လုပ်လာကြတယ်   ဆိုတဲ့အခါကျတော့၊ ဒီငြိမ်းချမ်းရေးကတော့ ဝန်ကြီးချုပ်ရဲ့တိုင်းဒေသကြီး ကတော့ ငြိမ်းချမ်းတာပေါ့။ အခုက ဥပမာ ရခိုင်မှာဆိုရင် ဖြစ်တယ်။ နောက်တခါ ရှမ်းတို့ ကချင်တို့ မှာဆိုရင် မငြိမ်းချမ်းဘူးပေါ့။ ဒီမငြိမ်းချမ်းတဲ့ အကျိုးဆက်ကြောင့် ဘာများဖြစ်နိုင်သလဲ။ ဝန်ကြီးချုပ်ရဲ့တိုင်းက  တိုက်ပွဲတွေမရှိဘူး လက်နက်ကိုင်တော်လှန်ရေး တိုင်းရင်းသားတွေ မရှိဘူး၊ ဆိုတဲ့အခါကျတော့ အဲဒီ ၂ ခု ကွာခြားချက်ကို ပြောပါဆိုရင် ဘယ်လိုမျိုးပြောမလဲ ။

ဖြေ။   ။ ဒါက ကွာခြားချက်ကို ပြောစရာမလိုဘူးကွ ၊ ဟုတ်လား တို့ အခု တို့တိုင်းမှာတော့ လွတ်လပ်ရေးနဲ့ အတူ မွေးဖွားလာတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေက ပါလာခဲ့တာ၊ တို့တိုင်းမှာတော့ မရှိသလောက်ပဲ၊ ဒါမှမဟုတ် ရှိနေတဲ့ တိုင်းတွေ မင်းပြန်ကြည့်လိုက်လေ ဟုတ်လား ။ တပ်မတော်ဘက် ကျလည်း တို့ ညီအကိုတွေ ကျတာပဲ၊ ပြည်ထောင်စု တိုင်းရင်းသား လက်နက်ကိုင်တွေ ကျလည်း တို့ ညီအစ်ကိုတွေ ကျတာပဲ၊ ဒုက္ခရောက်တော့လည်း တိုင်းရင်းသားတွေ၊ တို့ညီအစ်ကိုတွေပဲ၊ တို့ ညီအစ်ကိုတွေလို မိသားစုတွေလို သွားကြမှာကို၊ အဲ့ဒီ့ကျဘာကောင်းလဲ ဘာမှမကောင်းဘူး ဟုတ်လား။ ဒုက္ခရောက်ပြီးတော့ ဒီတိုက်ပွဲကြောင့် ပြေးရတယ် ဆိုတော့ မင်းဒုက္ခရောက်တာ ဘယ်သူကကြည့်ချင်မှာလဲ ။ ဆရာက ဟိုဟာ မပြောဘူးနော်၊ ယေဘုယျ ကျတာပဲ ပြောမှာနော် ။ ပျော်တာတို့ ရွှင်တာတို့ မင်း ဝမ်းနည်း ပူဆွေးမူတွေ ဆိုတာ ကူးတယ်ကွ၊ သူတို့တွေပြေးနေတာ ကြည့်လိုက်ပါလား။ သူတို့တွေ ဒုက္ခရောက်တာ ကြည့်လိုက်ပါလား၊ မင်းတို့ ဘယ်လို စိတ်ကောင်းမလဲ ၊ ငါတို့ကတော့ ငါတို့ သွေးသားအရင်းတွေလို့ ငါတို့ထင်တယ် ။ အဲ့ဒီ့ကျတော့ဒီ မင်းစဉ်းစားကြည့်လေ နောက်ပြီးတော့ဖြင့် တို့အာဆီယံမှာနောက်ဆုံး ဖြစ်နေခဲ့ပြီ် ။ဖြစ်နေတဲ့ အချိန်မှာ အဲဒီစစ်သုံးစရိတ်တွေများ သူတို့ကုန်လည်း တို့တိုင်းပြည်ကကုန်တာပဲ၊ လက်နက်ကိုင်က တို့စစ်သားတွေ ကုန်လည်း တို့တိုင်းပြည်က ကုန်တာပဲ၊ အဲ့ဒီဟာတွေ မကုန်ခဲ့ဘူးဆို တန်ဖိုးဘယ်လောက်များဆို မင်းတို့လည်း သိတာပဲ၊ မပြောလိုတော့ဘူး ၊ အဲဒီဟာတွေ အကုန်မခံပဲ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လမ်းတံတား ၊ ဆေးရုံတွေ ဆောက်မယ်ဆို ဘယ်လောက်ကောင်းမလဲ ၊ ဒါကြောင့် တို့  ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံကြီး အမြန်ဆုံးအောင်မြင်ပြီးမြောက်ပါစေလို့ တို့ဒီကနေ စောင့်ကြည့်နေကြတာပဲ ။  တို့တစ်တွေကလည်း ငြိမ်းချမ်းရေးပဲ။ ဘယ်နေရာဖြစ်ဖြစ် ငြိမ်းချမ်းမူ မရှိရင်ဘာမှ မလုပ်နိုင်ဘူးကွ။ ပြည်ထောင်စုဘယ်လောက်ပဲ တိုးတက်အောင်လုပ်ချင်လုပ်ချင် ငြိမ်းချမ်းရေးမရှိရင် ဘာနဲ့သွားရမလဲ၊ ဘယ်လိုလုပ်  လုံခြုံမူရမလဲ ၊ ဘယ်လိုလုပ် တိုးတက်အောင်လုပ်လို့ ရမလဲ ။ အဲဒီတော့  တို့ အမြဲတမ်း ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး အောင်မြင်ပြီးဆုံးနိုင်ပါစေလို့ အမြဲတမ်း ဆုမွန်ကောင်းတောင်း ပြီးစောင့်ကြည့်နေပါတယ် ။ လိုအပ်တဲ့ ကဏ္ဍတွေကို ကူညီပြီးတော့ တို့ ဖြည့်ဆည်းသွားမှပဲ ။ သမိုင်းဆိုတာဘာလဲ ၊ သမိုင်းဆိုတာ ဒေါက်တာသန်းထွန်း ပြောတာ သမိုင်းဆိုတာ မအ အောင် သင်ထားတာ၊ တို့လည်း အကုန်သိခဲ့ ပြီးပြီလေ ၊ မင်းတို့ကို ငါပြောပြထားတယ် ၊ငါလည်း လုပ်လာတာ ဆိုတော၊့ တို့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ အသက် သွေး ချွေး ပေးလာတဲ့ ဒီဟာကြီးကို၊ စနစ်ကြီးကို ဟိုဟာဖြစ်လာအောင်လို့ တို့တွေ ကျရာတာဝန်ကို တာဝန်ခံဖို့ တာဝန်ယူဖို့ တို့လုပ်ဆောင်စေချင်တာပဲ ။ ဒါပဲ တို့ခေါင်းထဲမှာရှိတယ် ။

မေး ။   ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။   မေးခွန်းလေးတွေလည်း အများကြီးဖြေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ။   ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly