Huawei အပြင် နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုကို နာမည်ပျက်စာရင်းသွင်းရန် အမေရိကန် စီစဉ်နေဟု သတင်းထွက်

Huawei အပြင် နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုကို နာမည်ပျက်စာရင်းသွင်းရန် အမေရိကန် စီစဉ်နေဟု သတင်းထွက်

မေ ၂၃  ။            ။ Huawei ကုမ္ပဏီကို ထိခိုက်စေရန် အရေးယူကန့်သတ်မှုများ အမေရိကန်တို့ဘက် လုပ်ဆောင်ထားခဲ့ပြီးနောက် ယခုအခါမှာလည်း နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းရန် စဉ်းစားနေလျက်ရှိကြောင်း သတင်းများ  ထွက်ပေါ်လာခဲ့သည်။

တရုတ်အခြေစိုက် video surveillance ကုမ္ပဏီတစ်ခုဖြစ်သည့် Hikvision ကို Huawei ပုံစံ ဆန်ရှင်မျိုး ချမှတ်သွားရန် အမေရိကန်အစိုးရက စဉ်းစားနေလျက်ရှိကြောင်း သိရသည်။

ယင်းအတွက်ကြောင့်လည်း လက်ရှိ ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံကြီးနှစ်ခု အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ ထပ်မံဆိုးရွားသွားစေနိုင်မည့်အပေါ် စိုးရိမ်ပူပန်မှုများ ပိုမိုနက်ရှိုင်းလာခဲ့ရပြီ ဖြစ်သည်။

အမေရိကန်အစိုးရဘက်က ကန့်သတ်ပိတ်ဆို့လာမည်ဆိုပါက Hikvision ကုမ္ပဏီအနေဖြင့် အမေရိကန် နည်းပညာကုမ္ပဏီများထံမှ နည်းပညာ ဝယ်ယူအသုံးပြုနိုင်မှုပိုင်းတွင် ထိခိုက်နစ်နာမှုများ ရှိလာတော့မည်ဖြစ်ကြောင်း New York Times က ဖော်ပြပါတယ်။

အမေရိကန်အစိုးရသည် Huawei Technologies ကို ပြီးခဲ့တဲ့အပတ်က ကုန်သွယ်ရေး blacklist စာရင်းတစ်ခုထဲ ထည့်သွင်းခဲ့ခြင်းအားဖြင့် အဆိုပါ တရုတ်ကုမ္ပဏီကို အထိနာစေရန် ရည်ရွယ်လုပ်ဆောင်ထားခဲ့သည်။ ယခုအခါ နောက်ထပ် တရုတ်ကုမ္ပဏီတစ်ခုကိုလည်း ထပ်မံပစ်မှတ်ထားနေလျက် ရှိသည်။

Hikvision သည် video surveillance ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နေသည့် ကမ္ဘာ့အကြီးဆုံးလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly