လာမယ့်ရာသီ ယူနိုက်တက်ရဲ့ တစ်ရာသီစာလက်မှတ်များ အချိန်တိုအတွင်း ရောင်းကုန်

လာမယ့်ရာသီ ယူနိုက်တက်ရဲ့ တစ်ရာသီစာလက်မှတ်များ အချိန်တိုအတွင်း ရောင်းကုန်
Photo: EPA

စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လာမယ့် ဘောလုံးရာသီသစ်အတွက် တစ်ရာသီစာ လက်မှတ်တွေဟာ အချိန်တိုအတွင်း စံချိန်တင် ရောင်းချကုန်ဆုံးခဲ့ပါတယ်။

မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် ယူနိုက်တက်ဟာ ချန်ပီယံနဲ့ ပြိုင်ဘက်ဖြစ်တဲ့ စီးတီးရဲ့နောက် ၃၂ မှတ်အကွာ အဆင့် (၆)နေရာမှာသာ ရပ်တည်ကာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွှဲချော်ခဲ့ပေမယ့် နည်းပြသစ် ဆိုးလ်ရှား လက်ထက်မှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရှိနေတဲ့ အခြေအနေပေါ်မှာ အသင်းပရိသတ်တွေက စိတ်ဝင်စားမှုမြင့်တက်နေဆဲ့ဆိုတာကို ပြသသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီအတွက် လက်မှတ်စောင်ရေ စုစုပေါင်း (၅၂,၀၀၀)ကို ရောင်းချခဲ့ရတာပါ။ ဒါ့ကြောင့် ကလပ်အသင်းရဲ့ ပရိသတ်တွေဟာ အသင်းနောက်မှာ မားမားမတ်မတ် ဆက်လက်ရှိနေဆဲဆိုတာကို သူတို့ရဲ့ ဝယ်ယူအားမှုနဲ့ သက်သေပြသွားခဲ့ပါတယ်။

ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ဟာ ပေါင် (၃)သန်း ကုန်ကျမယ့် ပြင်ဆင်မှု ပြုလုပ်သွားမှာဖြစ်ပြီး ယူနိုက်တက်ဟာ လာမယ့် (၅)နှစ်အတွင်း ပွဲကြည့်ခုံ (၇၅,၀၀၀)လုံးကို အစားထိုးသွားဖို့ စီစဉ်နေပါတယ်။ အိုးထရက်ဖို့ဒ်ခုံတွေဟာ တခြားအဆင့်မြင့် ကွင်းတွေရဲ့ ခုံထက် အရည်အသွေးပိုင်းမှာ နောက်ရောက်နေတယ်လို့ သိရပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly