သေဆုံးခဲ့တဲ့ အိမ်အကူ ဒေါ်ကရင်မအမှုနဲ့ ပတ်သက်ပြီး ဒေါ်ကရင်မရဲ့ အမေဖြစ်သူ ဒေါ်လှလှဝင်းကို ပြန်ခေါ်သက်သေအဖြစ် မေ ၂၁ ရက်နေ့မှာ စစ်ဆေးဖို့အတွက် ထပ်မံချိန်းဆိုခဲ့ပေမယ့် ခရီးလွန်နေတဲ့အတွက် မလာရောက်သေးတာကြောင့် ရန်ကုန်တောင်ပိုင်းခရိုင် တရားရုံးက နောက်တစ်ပတ် မေ ၂၈ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
ဒေါ်ကရင်မရဲ့ အမေဖြစ်သူ ဒေါ်လှလှဝင်းကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့အတွက် ချိန်းဆိုခဲ့တာက လာ မယ့် ရုံးချိန်းနဲ့ဆိုရင် ရုံးချိန်း ၃ ချိန်းထိ ရှိခဲ့ပြီဖြစ်ပါတယ်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)