တစ်ချိန်က စွန့်စွန့်စားစား ခရီးသွား ကမ္ဘာလှည့်တင်တင်စိန်

22 May 2019
တစ်ချိန်က စွန့်စွန့်စားစား ခရီးသွား ကမ္ဘာလှည့်တင်တင်စိန်

တစ်ချိန်က မြန်မာနိုင်ငံကနေ ဆိုင်ကယ်တစ်စီးနဲ့ စွန့်စွန့်စားစားကမ္ဘာလှည့်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦး ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်က မြန်မာနိုင်ငံသစ်တောအရေးပိုင်ဦးဘတုတ်နှင့် ဒေါ် တင်တင်စိန်တို့  ဇနီးမောင်နှံနှစ်ဦးဟာ ဆိုင်ကယ်တစ်စီးနဲ့ ကမ္ဘာတစ်လွှားကို ခြေဆန့်ခဲ့ကြပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဥရောပနိုင်ငံများ စတဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံကို အချိန်တစ်နှစ်ကြာ ဆိုင်ကယ်နဲ့ ခြေဆန့်ခဲ့ကြတာပါ။ အဲ့တာကြောင့် အာရှတိုက်ရဲ့ ပထမဦးဆုံး စွန့်စားဝင့်သူများဆိုပြီး ဆုတံဆိပ်တွေ လည်း ချီးမြှင့်ခံခဲ့ရပါတယ်။

တစ်ချိန်က ကမ္ဘာလှည့်တင်တင်စိန်လို့ မြန်မာမှာရော ကမ္ဘာမှာပါ လူသိများခဲ့တဲ့ ဒေါ်တင်တင်စိန်ဟာ အခုအချိန်မှာတော့ အသက် ၈၄ နှစ်ရှိပြီဖြစ်ပါတယ်။ 

အသက်နှစ်ဆယ်ဝန်းကျင်အရွယ်က ကမ္ဘာလှည့်ခဲ့တဲ့့ ဒေါ်တင်တင်စိန်ဟာ အခုကျန်ရှိနေတဲ့ ဘဝကို သီလရှင်ဝတ်ရင်း နေထိုင်သွားမယ်လို့ ပြောပါတယ်။ ဒါကြောင့် အခုသူနေထိုင်လျှက်ရှိတဲ့ ပုဂံမြို့ သစ်က Myat Bagan Hotel ကို ရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly