သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းရန်နှင့် ဥပဒေမဲ့ သစ်ထုတ်လုပ်မှုများကို အရေးယူရန် အဆိုတင်

သစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းရန်နှင့် ဥပဒေမဲ့ သစ်ထုတ်လုပ်မှုများကို အရေးယူရန် အဆိုတင်

ပုသိမ်၊ မေ ၂၁ ။        ။ သစ်ပင်များစိုက်ပျိုးရန်၊စိုက်ပျိုးအပင်များကို ထိန်းသိမ်းရန်နှင့် ဥပဒေနှင့်မညီသော သစ်ထုတ်လုပ် နေမှုများအား အရေးယူပေးရန် အိမ်မဲမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထွန်းက ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

"နွေရာသီတွင် အသက်အန္တရာယ်များပင် စိုးရိမ်ဖွယ်ရာပူပြင်းလာခြင်း၊မိုးရာသီတွင် ရေကြီးရေလျှံမှုများ များပြားလာခြင်း စတာတွေကြောင့် ရာသီဥတုကိုမှီခိုနေရသော စီးပွားရေးလုပ်ငန်းများ စိုက်ပျိုးရေး လုပ်ငန်းများ၊တိရိစ္ဆာန်လေးများ နေပူထဲတွင်ရုန်းကန်နေကြရသော လက်လုပ်လက်စားသမားများ၊ သက်ကြီးရွယ်အိုများ အားလုံးအတွက် များစွာ စိုးရိမ်ဖွယ်ရာဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်” ဟု ဒေါ်ရီရီထွန်းက လွှတ်တော်တွင်တင်ပြဆွေးနွေးခဲ့သည်။

ကျင်းပစဲ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် အိမ်မဲမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ရီရီထွန်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မိုးရာသီရောက်တိုင်း စိုက်ပျိုးခဲ့သောသစ်ပင်များသည် စဉ်ဆက်မပြတ်စောင့်ကြည့် ပြုစုနိုင်မှု အားနည်းသောကြောင့် စိုက်ပျိုးသည့်ရာနှုန်းထက်ဝက်ပင်လျှင် ရှင်သန်ဖြစ်ထွန်းကျန်နေရန် ခက်ခဲ လျှက်ရှိကြောင်း ထို့အတူ ရှိပြီးသား သစ်ပင်၊ သစ်တောများမှ တရားမဝင် သစ်ထုတ်ယူနေမှုများ ကိုလည်း ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ အားနည်းနေသေးကြောင်းနှင့်အချို့ တာဝန်ရှိသူများ အနေဖြင့်လည်း တာဝန်မကျေမှုများရှိနေသေးကြောင်း အိမ်မဲမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက အဆိုတွင်ထည့်သွင်းဆွေးနွေးခဲ့သည်။

"ယခုအချိန်တာဝန်ရှိသော အစိုးရတစ်ရပ်အနေဖြင့် သစ်တောများဖြုန်းတီးရသည့် အကြောင်းရင်း များကို တားဆီးကာကွယ်ထိန်းသိမ်းရန်နှင့်တစ်ဖက်မှလည်း သစ်တောများ ပြန်လည် တိုးပွားကောင်း မွန် လာစေရန်အတွက် သစ်တောများစီမံအုပ်ချုပ်မှုပုံစံများကို ပြန်လည်ပြုပြင်ပြောင်းလဲပြီး ကြပ် မတ်ရန်လည်း အထူးလိုအပ်လှပါတယ်” ဟုအဆိုရှင်က လွှတ်တော်သို့တင်ပြဆွေးနွေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရန် ပညာရှင်များ၊အရပ်ဖက်အဖွဲ့အစည်းများ၊NGO၊INGOများ ပြည်သူများနှင့် ပူးပေါင်း ၍ အောက်ခြေကျေးရွာအဆင့်မှ စတင်ကာ မြို့နယ်အလိုက်စိုက်ပျိုးနိုင်သော နေရာလွတ်များ အားလုံး ကို အရိပ်ရ အကြီးမြန်သစ်ပင်များ စိုက်ပျိုးခြင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူများ၏ အကူအညီကို ရယူပြီး ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို အထူးစီမံချက်ဖြင့် နှစ်ရှည် စီမံ ဆောင်ရွက်သွားရန်နှင့် ဥပဒေနှင့်မညီသော သစ်ထုတ်လုပ်နေမှုများ ပါဝင် ပတ်သက်နေသူများကို ထိရောက်စွာအရေးယူကြပ်မတ်သွားရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအား တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
အဆိုအား ဒေးဒရဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဝင်းက ထောက်ခံဆွေးနွေး ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူးရေး၊သယံဇာတနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက အဆိုအား လွှတ်တော်တွင် ဆက်လက်ဆွေးနွေးသင့်ကြောင်း ထောက်ခံ ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly