မြန်မာ့ရိုးရာ ယွန်းလုပ်ငန်း

21 May 2019
မြန်မာ့ရိုးရာ ယွန်းလုပ်ငန်း

လက်ရှိမှာ မြန်မာ့ရိုးရာပန်းဆယ်မျိုးထဲက တစ်မျိုးအပါအဝင်ဖြစ်တဲ့ ပန်းယွန်းလုပ်ငန်းဟာ မျိုးဆက်သစ်တွေရဲ့ စိတ်ဝင်စားမှုလျော့နည်းနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မျိုးဆက်သစ်တွေနဲ့ ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင်စားလာစေဖို့အတွက် ယွန်းထည်ပစ္စည်းတွေကို ဝတ်ဆင် အသုံးပြုပြီး ပုဂံမြို့ အာနန္ဒာဘုရားမှာ ကဆုန်ညောင်ရေသွန်းပွဲ ကို အစဉ်အလာအတိုင်း ကျင်းပခဲ့ပါတယ်။

“ကျွန်မတို့ စျေးကွက်က ဒီနေ့အထိ နိုင်ငံခြားသားကိုပဲ မှီခိုနေရတာ။ Tourism အောင်မြင်နေရင် ဒီလုပ်ငန်းက ဆက်ပြီး ကျန်ရစ်နေမှာပဲ။ တကယ်လို့ Tourism သာ ပျက်သွားလို့ နိုင်ငံခြားသားမလာဘူးဆိုရင် ကျွန်မတို့ စျေးကွက်ပျက်သွားနိုင်တယ်” လို့ ယွန်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly