ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ် ရုန်းရင်းဆန်ခတ်ဖြစ်

21 May 2019
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရုံးထုတ် ရုန်းရင်းဆန်ခတ်ဖြစ်

တပ်မတော်ကနေ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသားတွေကို မေလ ၂၀ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး အဲ့ဒီလို ရုံးထုတ်ချိန်မှာ မိသားစုဝင်တွေ ၊ ဝန်းရံသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေအကြားရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

တရားရုံးထုတ်ချိန်ကို နေ့လည် ၁ နာရီ အရောက်လာပေးဖို့  တရားသူကြီးက မှာထားပေမယ့် ကျောင်းသားတွေကို လက်ထိတ်ခတ်ပြီး ခေါ်ဖို့ ကြိုးစားတာကြောင့် ကြန့်ကြာနေပြီး ညနေ ၃ နာရီ ခွဲလောက်မှ တရားရုံးကို ရောက်လာခဲ့တာပါ။

ရိုက်ကူး/တည်းဖြတ် - ဇေယျာမော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly