မတရားအသင်းဖြင့် အမှုဖွင့်ထားသော NSCN(K) ခေါင်းဆောင် ၅ ဦးကို ၇ ကြိမ်မြောက် ရုံးထုတ်

မတရားအသင်းဖြင့် အမှုဖွင့်ထားသော NSCN(K) ခေါင်းဆောင် ၅ ဦးကို ၇ ကြိမ်မြောက် ရုံးထုတ်
ဓာတ်ပုံ-ဘုန်းနိုင်ဖြိုး

ခန္တီး၊ မေ ၂၀ ။          ။ တပ်မတော်က မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုထားတဲ့ NSCN(K) ခေါင်းဆောင် ၅ ဦးကို မေလ ၂၀ ရက်၌ ခန္တီးမြို့နယ်တရားရုံးတွင် ၇ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့သည်။

အဆိုပါ အမှုအတွက် လာမည့် မေလ ၃၀ ရက်တွင် နောက်ဆုံးကျန်ရှိသော တရားလိုပြသက်သေဖြစ်သည့် ခန္တီးမြို့မရဲစခန်း စခန်းမှူးကို စစ်ဆေးရန် ကျန်ရှိကြောင်း မေ ၂ဝတွင် ပြုလုပ်သော တရားရုံးကြားနာမှုအရ သိရသည်။

"နှစ်ဘက်ဆိုတော့ တစ်ဖက်က ပျက်ကွက်လိုက် တစ်ဖက်က ပျက်ကွက်လိုက်နဲ့ ကြန့်ကြာမှုတွေရှိတယ်။ နောက်ထပ် ၃၀ ရက်နေ့မှ အဖြေပြန်သိရမယ်” ဟု NSCN(K) ခေါင်းဆောင် သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်မှ မဇျ္စိမ သို့ပြောသည်။

ဦးကျော်ဝမ်းစိန်အပါအဝင် NSCN(K) ခေါင်ဆောင် ၅ ဦးသည် ခန္တီးမြို့သို့ အစည်းအဝေးလာရောက်စဉ် တပ်မတော်မှ ဖမ်းဆီးခဲ့သည့်အတွက် နာဂမျိုးနွယ်စုများမှ ဝေဖန်မှုတွေ ရှိနေကြောင်း သိရသည်။

ထို့အပြင် မေလ ၁၆ ရက်က ထပ်မံအမှုထားသည့် NSCN(K) ၆ ဦးကိုလည်း မေလ ၃ဝရက်တွင် ချုပ်ရမန် ယူသွားမည်ဟု သိရပြီး ခန္တီးမြို့နယ် တရားရုံး၌ NSCN(K) ခေါင်းဆောင် ၅ ဦးနှင့်အတူ တပ်မတော်က အမှုဖွင့်ထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags