ငါးရစ်ငါးသန်ကာလတွင် ငါးဖမ်းမှုမရှိစေရေး စီမံချက်ဖြင့် ဆောင်ရွက်နေ

ငါးရစ်ငါးသန်ကာလတွင် ငါးဖမ်းမှုမရှိစေရေး စီမံချက်ဖြင့် ဆောင်ရွက်နေ

မကွေး၊ မေ ၁၉ ။        ။ ငါးမျိုးပွားနှုန်းတိုးစေရန်အတွက် သားပေါက်သည့် ငါးရစ်၊ ငါးသန်ကာလ ယခုအချိန်တွင် ငါးဖမ်းဆီးမှု မရှိစေရေး စီမံချက် ရေးဆွဲဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးအရာရှိ ဦးစိုးလှိုင်မြင့်က ပြောသည်။

 “ အခုချိန်က ငါးရစ်ငါးသန်ကာလဖြစ်တယ်။ မျိုးရည်နဲ့ပြည့်ဝနေတဲ့ ငါးထီးတွေ၊ ဥတွေနဲ့ ပြည့်ဝနေတဲ့ ငါးမကြီးတွေရဲ့ ဥချသားပေါက်တဲ့ရာသီအစ ဖြစ်ပါတယ်၊ ဒီအချိန်မှာ ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှုမရှိစေရေး အတွက် နှစ်စဉ်နှစ်တိုင်း စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု တိုင်းဦးစီးအရာရှိ ဦးစိုးလှိုင်မြင့်က ပြောသည်။

မြန်မာနိုင်ငံမှာရှိသည့် ဒေသအတွင်းငါးအမျိုးအစားများသည် မေ ၁ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ ပေါက်ဖွားရာသီလည်း ဖြစ်သည်။

 “ တစ်နိင်ငံလုံးအတိုင်းအတာနဲ့ ကကတစ်ငါးဆိုရင် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ၊ ရေချိုငါး အားလုံး ဆိုရင် မေလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးခွင့် မရှိပါဘူး။ ကျောက်ပုဇွန်၊ ကင်းပုဇွန်၊ ရေငံပုဇွန် ငါးလင်ဗန်းဆိုရင် ဇွန်လ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရေချိုပုဇွန်က ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့ အထိ နှစ်စဉ်ပိတ်ပင်ထားတဲ့ ငါးအမျိုးအစားတွေနဲ့ တားမြစ်ထားတဲ့ကာလတွေ ဖြစ်ပါတယ်” ဟု မကွေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးအရာရှိ ဦးစိုးလှိုင်မြင့်က ပြောသည်။

သားပေါက်ချိန်တွင် ငါးထီး၊ ငါးမ မျိုးငါးကြီးများသည် ရေလျှံကွင်းများရှာပြီး သားပေါက်ကြကာ ယင်းနေရာတွင် သားလောင်းများ ငါးသန်အရွယ်အစားအထိ (၁)လက်မ၊ (၁လက်မခွဲ)၊ (၂)လက်မအထိ ကြီးပြင်းပြီးမှ မြစ်ထဲသို့ ပြန်ဆင်းကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required