ယစ်မျိုးလိုင်စင်များ နှစ်စဉ်လျော့ချ ခွင့်ပြုနေပါတယ်

19 May 2019
ယစ်မျိုးလိုင်စင်များ နှစ်စဉ်လျော့ချ ခွင့်ပြုနေပါတယ်

အရက်သေစာသောက်စားခြင်းကို အားမပေးဖို့ ယစ်မျိုးလိုင်စင်တွေကို လျှော့ချ ချထားပေးနေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောဆိုခဲ့ပါတယ်။

အရက်သေစာသောက်စားခြင်းကို အားမပေးဖို့ ယစ်မျိုးလိုင်စင်တွေကို လျှော့ချ ချထားပေးနေတယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက အစိုးရ၏ တတိယ(၁)နှစ်တာ ကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ပါတယ်။

နှစ်စဉ် လျော့ချခွင့်ပြုရာတွင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်(၄၁၂၆၃)ခု၊ ၂၀၁၄-၁၅တွင် (၄၁၂၁၀)ခု၊ ၂၀၁၅-၁၆ တွင် (၄၁၁၅၃)ခု၊ ၂၀၁၆-၁၇ တွင် (၄၁၁၄၇) ခု၊ ၂၀၁၇-၁၈တွင် (၄၁၁၄၀)ခု အထိ နှစ်အလိုက် လျှော့ချခွင့်ပြုခဲ့သည်ဟု စာရင်းများအရ သိရပါတယ်။

ရိုက်ကူး၊တည်းဖြတ် - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly